တိုကျို   အောက်တိုဘာ   ၂၁

ဂျပန်နိုင်ငံ အလယ်ပိုင်းတွင် နိုတိုဒေသတွင် စံချိန်တင် မိုးသည်းထန်စွာရွာသွန်းမှုသည် အောက်တိုဘာ ၂၁ ရက်တွင် တစ်လပြည့်ပြီဖြစ်သည်။ ရေကြီးရေလျှံမှုနှင့်  မြေပြိုကျမှုဒဏ်ခံရသော   ပြည်သူများသည်   အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်တည်ဆောက်ရေးတွင် ထောက်ပံ့ ကူညီမှုများ လိုအပ်နေဆဲဖြစ်သည်။

စက်တင်ဘာ  ၂၁ ရက်က စံချိန်တင်   မိုးရွာသွန်းမှုကြောင့်  လူပေါင်း ၁၄ ဦး အသက်ဆုံးရှုံခဲ့ကြောင်း သိရသည်။ ဒေသအာဏာပိုင်များသည် အဆက်အသွယ်ပြတ်တောက်နေသော အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးကို ဆက်လက်ရှာဖွေလျက်ရှိသည်။

ထိုကဲ့သို့  မိုးသည်းထန်စွာရွာသွန်းမှုက  နှစ်သစ်ကူးနေ့တွင် ငလျင်လှုပ်မှုမှ အသက်ရှင်လွတ်မြောက် ကျန်ရစ်သူအများအပြားကို နှစ်ဆတိုး၍ အခက်အခဲဖြစ်ပွားစေခဲ့သည်။ ဝါဂျီမ၊ ဆူဇူနှင့် နိုတိုမြို့တို့ရှိ   ဘေးလွတ်ရာနေရာများတွင် အောက်တိုဘာ ၁၈ ရက်အထိ   ဒေသခံ  ၄၃၄ ဦး  ခိုလှုံလျက်ရှိကြောင်း အိရှိခဝါခရိုင်က ပြောသည်။

နေအိမ်ပေါင်း ၁၄၈၇ လုံး ရေနစ်မြုပ်ခဲ့ပြီး ခရိုင်အားလုံးကို စစ်တမ်းကောက်ယူရခြင်း မရှိသေးသည့် အတွက် အရေအတွက်ထပ်မံမြင့်တက်နိုင်ကြောင်း သိရသည်။            

အင်န်အိတ်ချ်ကေ