ဂျပန်နိုင်ငံ၏ ဒေသအချို့တွင် နှင်းမုန်တိုင်း ချဉ်းကပ်ဝင်ရောက်

၂၉ ဇန်နဝါရီ

 

 

ယနေ့၌ တိုင်းပြည်၏ နေရာအနှံ့အပြားတွင် နှင်းမုန်တိုင်းများ ကျရောက်မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ မိုးလေဝသ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

 

 

ဂျပန်ပင်လယ်ပြင်မှ အရှေ့ဘက်သို့ ရွေ့လျားနေကြောင်း မိုးလေဝသ အေဂျင်စီမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

 

 

ဂျပန်နိုင်ငံ တောင်ပိုင်းမှ မြောက်ပိုင်း ကမ်းရိုးတန်း ဒေသများသို့ နှင်းမုန်တိုင်း ကျရောက်နိုင်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။ 

 

 

အချို့သော ဒေသများတွင် နှင်းများကြောင့် မြင်ကွင်းကို ဝေဝါးစေနိုင်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

 

 

လေပြင်းများနှင့် လှိုင်းကြီးမှုများ ဖြစ်ပေါ်စေနိုင်ကြောင်း မိုးလေဝသဌာန တာဝန်ရှိသူများက သတိပေးလျက် ရှိသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်

mdn