ဂျပန်နိုင်ငံ၏သက်တမ်းအရင့်ဆုံး ဝန်ကြီးချုပ်ဖြစ်လာသော ရှင်ဇိုအာဘေး

၂၀ နိုဝင်ဘာ

ရှင်ဇိုအာဘေးသည် ရာစုနှစ်တစ်ခုကျော်ကြာ စံချိန်တင်ကာ ဂျပန်နိုင်ငံ၏ သက်တမ်းအရင့်ဆုံး ဝန်ကြီးချုပ်ဖြစ်လာသည်။

ဝန်ကြီးချုပ်ရှင်ဇိုအာဘေး၏ စုစုပေါင်းရာထူးသက်တမ်းသည် ယနေ့ တွင် ၂၈၈၇ ရက်ကို ရောက်ရှိခဲ့ပြီ ဖြစ်သည်။

အာဘေးက ဂျပန်ပြည်သူများအား ကတိပေးထားခဲ့သည့် မူဝါဒများကို အကောင်အထည်ဖော်ရန် နေ့စဉ်နေ့တိုင်း အကောင်းဆုံး လုပ်ဆောင်ခဲ့ကြောင်းနှင့်ထိုကြိုးစားအားထုတ်မှုများကို ဖြတ်ကျော်ရင်း ယနေ့ထိရောက်ရှိနိုင်ခဲ့သည်ဟု ယုံကြည်ကြောင်း သတင်းထောက်များကို ယနေ့မနက်ပိုင်းက ပြောကြားခဲ့သည်။

အာဘေးသည် ၂၀၀၆ ခုနှစ်တွင် ဝန်ကြီးချုပ် ပထမဆုံးဖြစ်လာခဲ့သော်လည်း နောက်တစ်နှစ်ကျော်အကြာတွင် ကျန်းမာရေးပြဿနာများကြောင့် ရာထူးမှနှုတ်ထွက်ခဲ့သည်။

၂၀၁၂ ခုနှစ်တွင် ထိပ်ပိုင်းရာထူးသို့ ပြန်လာချိန်မှစတင်ကာ စီးပွားရေးကို ဦးစားပေးလုပ်ဆောင်ခဲ့ပြီး ငွေရေးကြေးရေး၊ ဘဏ္ဍာရေးနှင့်ဒေသဆိုင်ရာ ပြန်လည်ရှင်သန်ရေး အစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။

ဂျပန်နိုင်ငံတွင် ဝန်ကြီးချုပ်တစ်ဦး၏သက်တမ်း ကန့်သတ်ချက်မရှိသော်လည်း အရေးပါသော လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ၏ ဉက္ကဌ အဖြစ် အာဘေး၏ တတိယနှင့်နောက်ဆုံး လုပ်ငန်းဆောင်ရွက်မှုမှာ ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ၎င်း၏ဝန်ကြီးချုပ်ရာထူးကို အကန့်အသတ်ဖြင့်အဆုံးသတ်မည် ဖြစ်သည်။

အာဘေး၏ ကြာမြင့်စွာကတည်းက ဆန္ဒရှိခဲ့သော ဖွဲ့စည်းပုံအခြေခံဉပဒေ ပြင်ဆင်ရေးကို ထိုအချိန်ထိ ဆက်လက်လုပ်ဆောင်သွားဖွယ်ရှိသည်။

အာဘေးသည် ရုရှားနိုင်ငံနှင့် ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုရန်နှင့် ဂျပန်နိုင်ငံသားများကို မြောက်ကိုရီးယားပြန်ပေးဆွဲမှု ပြဿနာများ ဖြေရှင်းရာတွင် တိုးတက်မှုများရှိစေရန်လည်း ရည်မှန်းချက်ထားလုပ်ဆောင်ဖွယ် ရှိသည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်- မြင့်မြင့်ချို