ဂျပန်နိုင်ငံ၌ အပူချိန် ဆက်လက်မြင့်တက်ဖွယ်ရှိ 

ဂျပန်နိုင်ငံတွင် နေရာအနှံ့အပြားတွင် အပူချိန်များ ဆက်လက်မြင့်တက်နေနိုင်ပြီး အပူရှပ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသဌာနမှ တာဝန်ရှိသူများက သတိပေးလျက်ရှိသည်။ 

 

ယနေ့ နေ့အပူချိန်မှာ ၃၅ ဒီဂရီ စင်တီဂရိတ်ရောက်နိုင်ပြီး တိုကီ၊ ကန်ဆိုင်းနှင့် ကျူရှူးဒေသများတွင် အပူချိန် ၃၈ ဒီဂရီအထိ ရောက်ရှိနိုင်ကြောင်း မိုးလေဝသအေဂျင်စီက ပြောကြားသည်။ 

 

ယမန်နေ့က ဂျပန်နိုင်ငံတစ်ဝန်းရှိ တိုင်းတာရေးစခန်းများ၌ အပူချိန်မှာ ၃၅ ဒီဂရီအထိ ရောက်ရှိခဲ့သည် ဟု မှတ်တမ်းတင်ထားခဲ့သည်။ 

 

ဂီဖူစီရင်စုအတွင်းရှိ မီနိုမြို့တွင် အပူချိန် ၃၈ဒသမ ၄ဒီဂရီဖြင့် အမြင့်ဆုံး အပူချိန်သို့ ရောက်ရှိခဲ့သည်။ တိုကျိုမြို့လယ်တွင်လည်း အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိခဲ့ပြီး ယခုနှစ်အတွင်း အမြင့်ဆုံး အပူချိန်ဖြစ်သည်။ 

 

ဒေသအများအပြားတွင် အပူချိန် ဆက်လက်မြင့်တက်ဖွယ်ရှိနိုင်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ 

 

နေရောင်ခြည်ကို တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ရှားကြရန်နှင့် အပူရှပ်ခြင်းကို ကြိုတင်ကာကွယ်မှု များ ပြုလုပ်ကြရန် မိုးလေးဝသဌာနမှ တာဝန်ရှိသူများက ပြည်သူများသို့ တိုက်တွန်းခဲ့သည်။ 

 

နေရာဒေသအချို့တွင် မိုးများရွာနိုင်ဖွယ်ရှိပြီး အဆိုပါ အပူချိန်ကြောင့် လေထုမငြိမ်မသက်ဖြစ်ပေါ်နိုင် ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ 

 

မိုးကြိုးမုန်တိုင်းကဲ့သို့သော လေပြင်းများတိုက်ခတ်ခြင်းနှင့် ရာသီဥတု ရုတ်တရက် ပြောင်းလဲနိုင် ကြောင်း ၄င်းတို့က သတိပေးလျက်ရှိသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်