ဂျပန်နိုင်ငံ၌ ဘတ်စ်ကားမောင်းသူဦးရေနည်းပါးလာ

စက်တင်ဘာ ၂၀

ဂျပန်နိုင်ငံ၌ ၂၀၃၀ ဘဏ္ဍာနှစ်တွင် နိုင်ငံ၏ဘတ်စ်ကားမောင်းသူ ၃၀၀၀၀ ကျော် နည်းပါးလိမ့်မည်ဟု ဂျပန်သယ်ယူပို့ဆောင်ရေးတာဝန်ရှိသူများက ခန့်မှန်းထားသည်။

အဆိုပါယာဉ်မောင်းဦးရေနည်းပါးခြင်းသည် နိုင်ငံတစ်ဝန်းရှိ ယာဉ်မောင်းများအား ၎င်းတို့၏ပုံမှန်လမ်းကြောင်း ပြေးဆွဲမှုအရေအတွက်ကိုလျှော့ချရန် တွန်းအားပေးလျက်ရှိသည်။

လက်ရှိဘဏ္ဍာရေးနှစ် မတ်လအထိနိုင်ငံတစ်ဝန်းတွင်  ယာဉ်မောင်းဦးရေ ၁၂၁၀၀၀ လိုအပ်လျက်ရှိသည်ဟု နီဟွန်ဘတ်စ်အဖွဲ့အစည်းက ဆိုသည်။ ယာဉ်မောင်းများ၏အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ ၂၀၃၀ ဘဏ္ဍာနှစ်တွင် ယာဉ်မောင်းဦးရေ ၃၆၀၀၀ လျော့နည်းသွားမည်ဟု ခန့်မှန်းထားသည်။ ယာဉ်မောင်းဦးရေ လျော့ကျမှုသည်မြို့ကြီးများတွင်သာမက ဒေသများတွင်ပါ ဘတ်စ်ကားဝန်ဆောင်မှု လျော့ကျခြင်းကို ဖြစ်စေသည်။

 ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို