ဂျပန်နိုင်ငံ၌ ဆောင်းရာသီပွဲတော် မီးအလှရောင်စုံများထွန်းညှိထားရာ လူအများ ပျော်ရွှင်ကြည်နူး

နိုဝင်ဘာ ၂၂

 

ဂျပန်နိုင်ငံမြောက်ပိုင်း ဆောပိုရိုမြို့တွင် ပန်းခြံ၊ လမ်းမများတလျှောက်နှင့် လူသိများရာ ရင်ပြင်နှစ်ခုတို့တွင် ဆောင်းရာသီညချမ်းအချိန် မီးအလှရောင်စုံများထွန်းညှိထားခြင်းကြောင့် ခရီးသွားများနှင့် ဒေသခံများ ပျော်ရွှင်ကြည်နူးနေကြသည်။

 

သစ်ပင်များနှင့်အထိမ်းအမှတ်အဆောက်အအုံတို့တွင် LED မီးလုံးစုစုပေါင်း ၇၃၀၀၀၀ ဖြင့် အလှဆင်ထားသည်။

 

၁၉၈၁ ခုနှစ်နောက်ပိုင်း ဆောင်းရာသီပွဲတော်ကိုနှစ်စဉ်ကျင်းပကာ နိုင်ငံခြားခရီးသွားများကို ဆွဲဆောင်ခဲ့သည်။

 

ယခုနှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုဖြစ်ပွားသောကြောင်း မီးအလှများထိန်းညှိမှုအခမ်းအနားကျင်းပမှု အစီအစဉ်ပယ်ဖျက်ထားသည်။

 

ဆောင်းရာသီပွဲတော် မီးအလှရောင်စုံများထွန်းညှိထားခြင်းကို မတ်လလယ်အထိ မြင်တွေ့နိုင်မည် ဖြစ်သည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို