ဂျပန်နိုင်ငံ၌ ဇူလိုင်လကုန်ပိုင်းတွင် သက်ကြီးရွယ်အို ၇၀ ရာခိုင်နှုန်းကျော် ကာကွယ်ဆေးထိုးပေးနိုင်တော့မည်

တိုကျို ဇူလိုင် ၁

ဂျပန်နိုင်ငံတွင် အသက် ၆၅ နှစ်နှင့်အထက် ၇၅ ရာခိုင်နှုန်းမှာ ကိုဗစ် - ၁၉ ကာကွယ်ဆေးကို အနည်းဆုံး တစ်ကြိမ်ထိုးနှံပြီးဖြစ်ပြီး အများစုမှာ ဇူလိုင်လကုန်ပိုင်းတွင် နှစ်ကြိမ်ကာကွယ်ဆေး ထိုးပေးနိုင်တော့မည်ဟုဇူလိုင်၁၀ ရက်တွင် ထုတ်ပြန်သည့်အစိုးရ သတင်းအချက်အလက်များအရ သိရသည်။

ဧပြီလအတွင်းမှ စတင်ကာ သက်ကြီးရွယ်အိုများကိုကာကွယ် ဆေးထိုးနှံပေးမှုများ စတင်ခဲ့သည်။ စိန်ခေါ်မှုများ ဆက်လက် ရှိနေဆဲဖြစ်ပြီး အသက် ၆၅ နှစ် အောက်များကိုကာကွယ်ဆေးထိုး ပေးနိုင်ရေးအတွက် လုပ်ငန်းများ ချဲ့ထွင်ခဲ့သော်လည်း ကာကွယ်ဆေးကိုလုံလောက်သည့်ဖြန့်ဝေ မှုမပြုလုပ်နိုင်ခဲ့ပေ။

ဇူလိုင် ၉ ရက်အထိလူပေါင်း ၂၆ ဒသမ ၆၅ သန်း သက်ကြီး ရွယ်အို ၇၅ ဒသမ ၁ သန်းကို အနည်းဆုံးတစ်ကြိမ် ကာကွယ် ဆေးထိုးပေးခဲ့ပြီးဖြစ်သည်။ ဇူလိုင် ၁၀ ရက်က တိုကျိုတွင် ကိုဗစ်၁၉ နောက်ထပ် ကူးစက်ခံရသူ ၉၅၀ ထပ်မံတွေ့ရှိခဲ့ပြီး ဇူလိုင် ၁၂ ရက်မှ ဩဂုတ် ၂၂ ရက်အထိ တိုကျိုမြို့သူ မြို့သားများအရေး ပေါ် အခြေအနေအောက်တွင် နေထိုင်ရမည်ဖြစ်သည်။

ကျိုဒို