ဂျပန်နိုင်ငံ၌ ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယအကြိမ်ထိုးနှံမှု စတင်မည်

ဒီဇင်ဘာ ၁

 

ဂျပန်အစိုးရက ကိုဗစ်ကာကွယ်ဆေး တတိယအကြိမ်ထိုးနှံမှုကို ဆရာဝန်များ၊ သူနာပြုများနှင့် အခြားကျန်းမာရေးဆိုင်ရာဝန်ထမ်းများကို ယနေ့တွင်စတင်လုပ်ဆောင်မည် ဖြစ်သည်။

 

ကိုဗစ်အားဖြည့်ကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်း ၁ ဒသမ ၀၄ သန်းအား ထိုးနှံပေးသွားမည်ဟု ကျန်းမာရေးဝန်ကြီးဌာနကဆိုသည်။

 

ခန့်မှန်းခြေအားဖြင့် အသက် ၆၅ နှစ်နှင့်အထက်ရှိ လူဦးရေ ၆၁၀၀၀၀နှင့် ကျန်းမာရေးဝန်ထမ်းဦးရေ နှစ်သန်းတို့ကို ဇန်နဝါရီတွင် ကာကွယ်ဆေးတတိယအကြိမ်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

မြို့နယ်အချို့က အသက် ၆၄ နှစ်နှင့်အောက်ရှိသူများကို  ကိုဗစ်ကာကွယ်ဆေးတတိယအကြိမ်အဖြစ် ဇန်နဝါရီတွင် အစောဆုံးစတင်ထိုးနှံပေးရန် စီစဉ်ထားသည်။ ကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံမှုခံယူပြီးနောက် ရှစ်လကြာမြင့်မှု မရှိသေးသူများအား ၎င်းတို့က ကာကွယ်ဆေးထိုးနှံရန်လက်မှတ်များပေးမည် ဖြစ်သည်။

 

လုပ်ငန်းခွင်များနှင့် တက္ကသိုလ်များတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းကို မတ်လတွင် စတင်မည်ဟု သိရသည်။

 

ကိုဗစ်အားဖြည့်ကာကွယ်ဆေးအဖြစ် ဖိုက်ဇာကိုဗစ်ကာကွယ်ဆေးကို ထိုးနှံပေးမည်ဟုဆိုသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို