ဂျပန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လေးကြိမ်မြောက်ထိုးနှံပေးမှုစတင်

မေ ၂၅

 

ဂျပန်နိုင်ငံတွင် အသက် ၆၀ နှင့် အထက်အရွယ်များနှင့် ရောဂါအခံရှိသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လေးကြိမ်မြောက်ထိုးနှံမှုကို ယနေ့တွင် စတင်လုပ်ဆောင်သည်။

 

Pfizer-BioNTech သို့မဟုတ် Moderna ကိုဗစ်ရောဂါကာကွယ်ဆေးကို လေးကြိမ်မြောက်ထိုးနှံပေးခြင်းသည် ထိုရောဂါကူးစက်မှုနှင့်ဆက်စပ်သည့် ပြင်းထန်သည့်ဖျားနာမှုကို လျှော့ချရန်ရည်ရွယ်ခြင်း ဖြစ်သည်။

 

အဆိုပါကိုဗစ်ကာကွယ်ဆေးကို ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းနှင့် လူအုပ်စုလိုက်ကာကွယ်ဆေးထိုးနှံသည့်နေရာများတွင် အသင့်ရရှိနိုင်သည်။

 

ထိုလေးကြိမ်မြောက်ကိုဗစ်ကာကွယ်ဆေးကို သုံးကြိမ်မြောက်ကာကွယ်ဆေးထိုးနှံပြီး အနည်းဆုံးငါးလကြာရှိလျှင် ထိုးနှံရမည်ဖြစ်သည်။

 

တိုကျိုမြို့ရှိ မီနာတိုနှင့်ကိုတိုရပ်ကွက်နှင့် အခြားနေရာအချို့တို့တွင် ထိုလေးကြိမ်မြောက်ကာကွယ်ဆေးကို ယနေ့တွင် စတင်ထိုးနှံပေးခဲ့သည်။ နောင်တွင် ထိုကာကွယ်ဆေးကို တစ်နိုင်ငံလုံး ရရှိတော့မည်ဖြစ်သည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို