ဂျပန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဖိုက်ဇာ၊ မိုဒါနာတို့ဖြင့် လေးကြိမ်မြောက်ကာကွယ်ဆေး ထိုးနှံပေးမည်

ဧပြီ ၂၆

 

ဂျပန်နိုင်ငံကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လေးကြိမ်မြောက်ထိုးနှံမှုကို ဖိုက်ဇာနှင့် မိုဒါနာကာကွယ်ဆေးများအသုံးပြုရန် အတည်ပြုဆုံးဖြတ်ခဲ့ကြသည်။

 

ထိုဆုံးဖြတ်ချက်သည် ကျွမ်းကျင်ပညာရှင်အဖွဲ့နှင့်ကျန်းမာရေးဝန်ကြီးဌာတို့ အစည်းအဝေးပြုလုပ်ပြီးနောက် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

 

ကိုဗစ်ရောဂါကာကွယ်ဆေး သုံးကြိမ်မြောက်ထိုးနှံပြီး အနည်းဆုံးငါးလကြာရှိသူများအား ကာကွယ်ဆေး လေးကြိမ်မြောက်ထိုးနှံပေးရန် ထိုဝန်ကြီးဌာနက စီစဉ်ထားသည်။

 

ပြည်ပနိုင်ငံများ၏ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုဆိုင်ရာ အစီအမံများမှ အချက်အလက်များကို အခြေခံပြီး ရောဂါအခံရှိသူများနှင့် အသက် ၆၀ နှင့်အထက်အရွယ်များအား ကိုဗစ်ကာကွယ်ဆေးလေးကြိမ်မြောက်ထိုးနှံပေးသွားမည်ဟု သိရသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို