ဂျပန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ပြန်လည်မြင့်တက်

ဇူလိုင် ၇

 

ဂျပန်နိုင်ငံတွင် ကာလတစ်ခုအကြာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအရေအတွက် ကျဆင်းခဲ့ပြီးနောက် ထိုရောဂါကူးစက်မှုမှာ တစ်ဖန်ပြန်လည်မြင့်တက်လာလျက်ရှိသည်။

 

ဇူလိုင် ၆ ရက်က နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ ၄၅၀၀၀ အထိ ရှိလာသည်။ ကိုဗစ်ရောဂါကူးစက်မှုအရေအတွက်သည် သီတင်းပတ်အစောပိုင်းက ကိန်းဂဏန်း နှစ်ဆဖြစ်လာသည်။

 

ထိုနေ့က  မြို့တော်တိုကျိုတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုများပြားကာ ရောဂါကူးစက်ခံရသူဦးရေ ၈၃၀၀ ကျော် ရှိကြောင်း အတည်ပြုထားသည်။ မြို့တော်တွင် ကိုဗစ်ရောဂါနေ့စဉ်ကူးစက်မှု ၈၀၀၀ ကျော်ရှိခြင်းသည် ဧပြီလလယ်နောက်ပိုင်းတွင် ပထမဆုံးအကြိမ် ဖြစ်သည်။

 

အဆိုပါမြို့တော်နေပြည်သူများသည် ယင်းသို့ကူးစက်မှုမြင့်မားလာခြင်းနှင့်ပတ်သက်ပြီး စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားနေကြသည်ဟု သိရသည်။

 

ကိုဗစ်ရောဂါကူးစက်ခံရသူများ ဆေးရုံတက်ကုသမှုခံယူရန်အတွက် စီစဉ်ထားသော ဆေးရုံကုတင်များ၏ ၂၀ ရာခိုင်နှုန်းကျော်မှာ ကိုဗစ်လူနာများ နေရာယူထားပြီး ဖြစ်သည်။ ဂျပန်နိုင်ငံအနောက်ပိုင်းတွင် ဆေးရုံတက်ကုသမှုနှုန်းမြင့်တက်လျက်ရှိသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို