ဂျပန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါနေ့စဉ်ကူးစက်မှုကျဆင်းလာသည်မှာ ၁၂ ရက်ဆက်တိုက်ရှိပြီဖြစ်

မတ် ၁၆

ဂျပန်နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၉၅၅၂ ဦး ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုသတင်းထုတ်ပြန်ထားသည်။

နိုင်ငံအတွင်း ထိုရောဂါကူးစက်မှုကျဆင်းလာသည်မှာ ၁၂ ရက်ဆက်တိုက်ရှိပြီဖြစ်သည်။

အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ၆၁ ဦးသေဆုံးခဲ့သည်ဟု ထိုဝန်ကြီးဌာနကဆိုသည်။

နိုင်ငံတစ်ဝန်းတွင် ခရိုင် ၄၇ ခုရှိသည့်အနက် မြို့တော်တိုကျိုတွင် ထိုရောဂါကူးစက်မှုအရေအတွက် အများဆုံးဖြစ်သည်။

ယမန်နေ့က ထပ်မံကူးစက်ခံရသူများအနက် ၈၁၆ ဦးသည် တိုကျိုမြို့မှဖြစ်သည်။ တိုကျိုတွင် ယင်းရောဂါဖြင့် သေဆုံးသူ နှစ်ဦးရှိသည်။

နိုင်ငံအတွင်း ထိုရောဂါကူးစက်ခံရမှုကြောင့် ကျန်းမာရေးအခြေအနေဆိုးရွားသူ ၁၁၉ ဦးရှိသည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို