ဂျပန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါထပ်မံကူးစက်ခံရသူ ၇၇၁၅ ဦး ထပ်မံတွေ့ရှိ

မတ် ၁၇

ဂျပန်နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၇၇၁၅ ဦး  ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုသတင်းထုတ်ပြန်ထားသည်။

အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ၅၇ ဦးသေဆုံးခဲ့သည်ဟု ထိုဝန်ကြီးဌာနက ပြောကြားသည်။

ထိုရောဂါထပ်မံကူးစက်ခံရသူများအနက် ၆၈၀ ဦးသည် မြို့တော်တိုကျိုမှဖြစ်သည်ဟု သိရသည်။

ယင်းရောဂါဖြင့်သေဆုံးသူများတွင် တိုကျိုမြို့မှသေဆုံးသူ ခြောက်ဦးပါဝင်သည်။

ထိုရောဂါကူးစက်မှုကြောင့် ကျန်းမာရေးအခြေအနေဆိုးရွားသဖြင့် အသက်ရှုအထောက်အကူပြုကိရိယာတပ်ဆင်ထားသူ ခုနစ်ဦးရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို