ဂျပန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ထပ်မံကူးစက်မှုများ ဆက်လက်မြင့်တက်လျက်ရှိ

မေ ၁၂

 

ဂျပန်နိုင်ငံတွင် နွေရာသီအားလပ်ရက်ကုန်ဆုံးသွားပြီးနောက် အချို့ဒေသများတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအသစ်များ ဆက်လက်မြင့်မားလျက်ရှိသည်။

 

ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၄၆၀၀၀ ထပ်မံတွေ့ရှိခဲ့သည်ဟု တာဝန်ရှိသူများက သတင်းထုတ်ပြန်ထားသည်။

 

ပြီးခဲ့သည့်သီတင်းပတ် ဗုဒ္ဓဟူးနေ့က ရောဂါကူးစက်ဖြစ်ပွားသူ ၁၉၀၀၀ ကျော် ရှိရာမှ ကူးစက်မှုမြင့်တက်လာခြင်း ဖြစ်သည်။

 

အိုကီနာဝါနှင့် မီယာဇာကီစီရင်တို့၏ တောင်ပိုင်းတွင် ကိုဗစ်ရောဂါနေ့စဉ်ကူးစက်မှု စံချိန်တင်မြင့်မားလျက်ရှိသည်။

 

တိုကျိုတွင် ကိုဗစ်ရောဂါကူးစက်ခံရသူ ၄၇၀၀ ထပ်မံတွေ့ရှိကြောင်း အတည်ပြုဖော်ပြထားသည်။

 

ထိုအားလပ်ရက်မတိုင်မီက ကိုဗစ်ကူးစက်ဖြစ်ပွားမှုသည် အကျဘက်ကိုဦးတည်နေခဲ့သည်ဟု သိရသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို