ဂျပန်နိုင်ငံ၌ ကျည်ဆန်ရထားခရီးစဉ်များ ပုံမှန် ပြန်လည်ပြေးဆွဲပြီ

၁၆ သြဂုတ်


အပူပိုင်းမုန်တိုင်း ခရိုဆာ တိုက်ခတ်မှုကြောင့် ဂျပန်နိုင်ငံ၌ နွေရာသီအားလပ်ရက် ကာလအတွင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ဖရိုဖရဲဖြစ်သွားခဲ့သည်။


ယမန်နေ့က လေကြောင်းလိုင်းများက ပြည်တွင်းလေကြောင်းခရီးစဉ် ၈၀ဝ ကျော်ကို ဖျက်သိမ်းခဲ့ရသည်။ နောက်ထပ် လေကြောင်းခရီးစဉ် ၄၈ ခုကို ယနေ့နံနက်ပိုင်းတွင် ဖျက်သိမ်းခဲ့ရပြီး တိုဟိုကူနှင့် ဟော့ကိုင်းဒိုးကျွန်း သို့ အသွားအပြန်ပြေးဆွဲနေသည့် လေကြောင်းခရီးစဉ်များမှာ မုန်တိုင်းလမ်းကြောင်းပေါ် မူတည်၍ ပရမ်းပတာ အခြေအနေများနှင့်  ကြုံတွေ့နေရသည်။


နောက်ဆုံးရ သတင်းအချက်အလက်များကို အွန်လိုင်းပေါ်၌ကြည့်ရှုရန် လေကြောင်းလိုင်းများက ခရီးသည်များကို အကြံပြုလျက်ရှိသည်။ ယမန်နေ့က ဖျက်သိမ်းမှု သို့မဟုတ် လျော့ချမှုများ ရှိခဲ့သည့် ဂျပန်အနောက်ပိုင်းရှိ ကျဉ်ဆန်ရထားပြေးဆွဲမှုများမှာ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပြီ ဖြစ်သည်။ ရထားလမ်းကြောင်းများ အန္တရာယ်ကင်းမှု ရှိ မရှိ အတည်ပြုနိုင်ရန် ပုံမှန်ပြေးဆွဲသည့် ရထားခရီးစဉ်အချို့ကို ဖျက်သိမ်းမည်ဟု မီးရထားကုမ္ပဏီ အချို့က ပြောသည်။


မုန်တိုင်းချဉ်းကပ်လာမှုကြောင့် ပုံမှန်ပြေးဆွဲသော ရထားခရီးစဉ်အချို့ကို ဖျက်သိမ်းမည်ဟု ဟော့ကိုင်းဒိုး မီးရထားကုမ္ပဏီက ပြောသည်။


ကိုးကား-အန်အိတ်ချ်ကေ


ဘာသာပြန်-မေဇော်ထက်

 

J-2.J