ဂျပန်နိုင်ငံ၌ လေပြင်းတိုက်၊ နှင်းထူထပ်မှုတို့ကြောင့် မီးရထား၊ လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းခဲ့ရ

ဖေဖော်ဝါရီ ၂၁

 

ဂျပန်နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုးစီရင်စုတွင် လေပြင်းတိုက်ခတ်ပြီး နှင်းထူထပ်မှုတို့ဖြစ်ပွားသဖြင့် ထိုဒေသရှိ မီးရထားပြေးဆွဲမှု ၆၈၃ ခုနှင့် လေယာဉ်ခရီးစဉ် ၁၃၄ ခုတို့ ဖျက်သိမ်းခဲ့ရသည်။

 

ဟော့ကိုင်းဒိုးမီးရထားကုမ္ပဏီက ယင်းသို့ ဖျက်သိမ်းခဲ့ရသော မီးရထားပြေးဆွဲမှု ၆၈၃ ခုတွင် တနင်္လာနေ့အတွက် ကန့်သတ်ထားသော အမြန်ရထားခရီးစဉ်များအားလုံး ပါဝင်သည်။

 

လေကြောင်းခရီးစဉ် ၁၃၄ ခု ဖျက်သိမ်းခဲ့ရသည်ဟု သိရသည်။ ဖျက်သိမ်းလိုက်သော လေကြောင်းခရီးစဉ် ခြောက်ဆယ်သည် ဂျပန်လေကြောင်းလိုင်းများဖြစ်ပြီး အောနစ်ပွန်လေကြောင်းလိုင်း ၄၅ ခုနှင့် ပိရှ်လေကြောင်းလိုင်း ၂၂ ခုတို့ဖြစ်သည်။ အခြားလေကြောင်းလိုင်းအချို့တို့သည်လည်း လေကြောင်းခရီးစဉ်ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ကြသည်။

 

ဂျေအာ ဟော့ကိုင်းဒိုးနှင့် လေကြောင်းလိုင်းတို့က နောက်ဆုံးသတင်းအချက်အလက်များရရှိရန် ခရီးသည်များအား ပန်ကြားထားသည်။ ဖြစ်ပေါ်နေသော ရာသီဉတုအပေါ်မူတည်ကာ ဝန်ဆောင်မှုများထပ်မံဖျက်သိမ်းနိုင်သည်ဟု ၎င်းတို့က ဆိုသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို