ဂျပန်နိုင်ငံ၌ လျှပ်စစ်စကူတာစီးနင်းသူများ ဇူလိုင်လမှစ၍ ယာဉ်မောင်းလိုင်စင်မလိုဘဲ စီးနင်းခွင့်ပြုမည်

တိုကျို ဇန်နဝါရီ ၂၀

ဂျပန်နိုင်ငံ၌  လျှပ်စစ်စကူတာ စီးနင်းသူများအား     ဇူလိုင်လမှ စ၍       ယာဉ်မောင်းလိုင်စင် မလိုဘဲ    စီးနင်းခွင့်ပြုသွားမည် ဖြစ်ကြောင်း    ဂျပန်အမျိုးသား ရဲတပ်ဖွဲ့က  ဇန်နဝါရီ ၁၉ ရက်တွင် ပြောကြားသည်။

အဆိုပါ     စည်းမျဉ်းအရ လျှပ်စစ်စကူတာများ၏  အမြန် နှုန်းကို တစ်နာရီလျှင် ကီလိုမီတာ ၂၀အထိ     သတ်မှတ်ထားပြီး အသက်၁၆နှစ်အောက်ကလေး ငယ်များအား လျှပ်စစ်စကူတာသုံး စွဲခြင်းမှ   တားမြစ်ထားသည်။ သို့ရာတွင်    လျှပ်စစ်စကူတာ သုံးစွဲသူများသည် သာမန်စက်ဘီး စီးနင်းသူများကဲ့သို့ လမ်းစည်း ကမ်းများကို လိုက်နာရန်လိုအပ်ပြီး ဦးထုပ်ဆောင်း၍ စီးနင်းရမည်ဖြစ် ကြောင်း သိရသည်။ လက်ရှိအချိန် တွင်  လျှပ်စစ်စကူတာစီးနင်းသူ များ အနေဖြင့်  ယာဉ်မောင်းလိုင်စင် ရှိရန် လိုအပ်ပြီး ဦးထုပ်ဆောင်းရန် လိုအပ်ကြောင်း  သိရသည်။  

မူလ က    ယခုထပ်မံသတ်မှတ်လိုက် သည့်  လျှပ်စစ်စကူတာဆိုင်ရာ  ယာဉ်စည်းကမ်းများကို  ၂၀၂၄ ခုနှစ် ဧပြီလတွင်   စတင်အကောင် အထည်ဖော်    ဆောင်ရွက်ရန် ရည်မှန်းထားသော်လည်း   ဂျပန် နိုင်ငံအတွင်း   လျှပ်စစ်စကူတာ သုံးစွဲမှု  မြင့်တက်လာခြင်းကြောင့်   အချိန် စောစီးစွာချမှတ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။      

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ