ဂျပန်နိုင်ငံ၌ လူပေါင်း ၂၀၀ နီးပါး  နေအိမ်များတွင် အသွားအလာကန့်သတ်မှု ခံယူစဉ်အတွင်း သေဆုံး

တိုကျို၊ ၂၆ ဇန်နဝါရီ

 

ဂျပန်နိုင်ငံ၌ ကိုဗစ် -၁၉ ကူးစက်ခံရသူ လူပေါင်း ၂၀၀နီးပါးမှာ မိမိနေအိမ်များ သို့မဟုတ် အခြားသောနေရာများတွင် အသွားအလာကန့်သတ်မှု ခံယူစဉ်အတွင်း အခြေအနေဆိုးရွား လာပြီးနောက် သေဆုံးခဲ့သည်ဟု သိရသည်။ လွန်ခဲ့သည့်နှစ် မတ်လမှယခုနှစ် ဇန်နဝါရီလအထိ နေအိမ်များ၌ အသွားအလာကန့်သတ်မှုခံယူနေ စဉ်အတွင်း သေဆုံးသူ ၁၉၇ ဦးရှိသည်ဟု အမျိုးသားရဲအေဂျင်စီကပြောသည်။

ဇန်နဝါရီ ၁ ရက်မှ ၂၀ ရက်အထိ သုံးပတ်တာ ကာလအတွင်း သေဆုံး သူ ၇၅ ဦးရှိသည်ဟု အဆိုပါအေဂျင်စီကပြောသည်။ ပြီးခဲ့သည့်ဒီဇင်ဘာလအတွင်းက နေအိမ်၌ အသွားအလာ ကန့်သတ်မှုခံယူစဉ် သေဆုံးသူ ၅၆ ဦး ရှိသည်။ တချို့သော လူသေဆုံးမှုများတွင် သေဆုံးပြီးမှသာ ရောဂါ ကူးစက်ခံထားရခြင်း ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည့် ဖြစ်စဉ်များရှိသည်ဟု အေဂျင်စီ ကပြောသည်။

 

မိမိအစီအစဉ်ဖြင့် အသွား အလာကန့်သတ်မှု ခံယူနေသူများ၏အခြေအနေကို အကဲခတ်ပြီး ရောဂါလက္ခဏာပြင်းထန်မှု ရှိမရှိ ထောက်လှမ်းသွားရန် ဒေသခံအစိုးရအချို့က လုပ်ဆောင်လျက်ရှိသည်။

 

နေအိမ်များသို့ သူနာပြုများ စေလွှတ်၍ လူနာကိုစမ်းသပ်စေခြင်း နှင့် ဆရာဝန်များနှင့် သူနာပြုများ ဖြေကြားပေးနိုင်မည့် တယ်လီဖုန်း နံပါတ်များပေးထားခြင်း အစရှိသည်တို့ လုပ်ဆောင်လျက်ရှိသည်။

 

အင်န်အိတ်ချ်ကေ