မေ ၂၉
ဂျပန်နိုင်ငံ၏ နောက်ဆုံးသန်းခေါင်စာရင်းအချက်အလက်များအရ နိုင်ငံ၏လူဦးရေ ၁၂၃ သန်းကျော်အထိ ကျဆင်းသွားခဲ့ရာ ငါးနှစ်တာကာလအတွင်း အကြီးမားဆုံးကျဆင်းမှုဖြစ်သည်ဟု သိရသည်။
ပြည်ထဲရေးဝန်ကြီးဌာနသည် ၂၀၂၅ ခုနှစ် အမျိုးသားသန်းခေါင်စာရင်းအတွက် ကနဦးစာရင်းကို ယနေ့တွင် ထုတ်ပြန်ခဲ့သည်။ ၁၉၂၀ ခုနှစ်တွင် ငါးနှစ်တစ်ကြိမ် စစ်တမ်းကောက်ယူမှုစတင်ခဲ့ကြောင်း ဖော်ပြထားသည်။
နောက်ဆုံးစစ်တမ်းအရ ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၁ ရက်နေ့အထိ လူဦးရေ ၁၂၃၀၄၉၅၂၄ ဦး ရှိသည်ဟု သိရသည်။
၂၀၂၀ ခုနှစ်တွင် ယခင်စစ်တမ်းထက် ၃၀၉၆၅၇၅ ဦး ကျဆင်းခဲ့ရာ ၂ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းကြောင်းနှင့် လူဦးရေ ပထမဆုံးအကြိမ် ကျဆင်းခဲ့သည့် ၂၀၁၅ ခုနှစ်နောက်ပိုင်း တတိယအကြိမ်မြောက် ကျဆင်းမှုဖြစ်ကြောင်း ဖော်ပြထားသည်။
နေထိုင်သူဦးရေသည် နိုင်ငံ၏ စီရင်စု ၄၇ ခုအနက် နှစ်ခုတွင် မြင့်တက်လာခဲ့သည်။ တိုကျိုတွင် ၁၉၉၀၀၀ ဦးနှင့် အိုကီနာဝါတွင် ၁၀၀၀ ဦး တိုးလာခဲ့သော်လည်း တိုးတက်မှု နှေးကွေးသွားခဲ့သည်။
ကျန်ခရိုင် ၄၅ ခုစလုံးတွင် လူဦးရေကျဆင်းမှုစံချိန်တင်ခဲ့ပြီး ဟော့ကိုင်းဒိုးသည် လူဦးရေ ၂၃၉၀၀၀ လျော့နည်းပြီး အများဆုံးကျဆင်းခဲ့သည်။ ရှီဇူအိုကာနှင့် ဟိုယိုဂိုတို့တွင် ၁၆၄၀၀၀ နှင့် ၁၄၁၀၀၀ အသီးသီး ကျဆင်းခဲ့သည်ဟု သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


