ဂျပန်နိုင်ငံ၌ နိုဝင်ဘာလအတွင်း နိုင်ငံခြားခရီးသွားဧည့်များလာရောက်တည်းခိုမှု စံချိန်တင်မြင့်တက်

ဒီဇင်ဘာ ၂၇

ဂျပန်နိုင်ငံရှိ ဟိုတည်များ၊ တည်းခိုခန်းများနှင့် အခြားသောအိမ်ခန်းများတွင် နိုဝင်ဘာလအတွင်း နိုင်ငံခြားခရီးသွားဧည့်များ လာရောက်တည်းခိုမှု ၁၁ ဒသမ ၆ သန်းရှိသည်ဟု ဂျပန်ခရီးသွားလုပ်ငန်းအေဂျင်စီက ပြောကြားသည်။

အဆိုပါနိုင်ငံခြားခရီးသွားဧည့်များ လာရောက်တည်းခိုမှုသည် ယခုလအတွက် စံချိန်တင်မြင့်မားခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

လွန်ခဲ့သောနှစ်ကထက်  သုံးဆခန့်ပိုမိုများပြားခဲ့ခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကူးစက်မှုစတင်မဖြစ်ပွားမီ ၂၀၁၉ ခုနှစ် နိုဝင်ဘာလက နိုင်ငံခြားခရီးသွားဧည့်ဝင်ရောက်မှုထက် ၂၈ ရာခိုင်နှုန်း ပိုမိုများပြားခဲ့သည်ဟု သိရသည်။

ဂျပန်နိုင်ငံသားတည်းခိုမှုအရေအတွက်သည် ယခင်နှစ်က တည်းခိုမှုအရေအတွက်မှ သုည ဒသမ ၁ ရာခိုင်နှုန်းလျော့ကျခဲ့သော်လည်း ၄၂ သန်းနီးပါးရှိကာ လွန်ခဲ့သောလေးနှစ်အတွင်း ၃ ဒသမ ၄ ရာခိုင်နှုန်း မြင့်မားလာခဲ့သည်။

ခရီးသွားဧည့်လာရောက်တည်းခိုမှုအရေအတွက်အားလုံးသည် လွန်ခဲ့သောနှစ် အလားတူကာလကထက် ၁၆ ဒသမ ၉ ရာခိုင်နှုန်းပိုမိုမြင့်တက်ခဲ့သည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို