ဂျပန်နိုင်ငံ၌ Pfizer ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုဆောင်းထိုးနှံပေးမည်

တိုကျို နိုဝင်ဘာ ၁၂

 

Pfizer ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အပိုထပ်ဆောင်းထိုးနှံပေးမည့် အစီအစဉ်တွင် အသုံးပြုရန် ဂျပန်ကျန်းမာရေး အာဏာပိုင်များက ယမန်နေ့တွင် အတည်ပြုခဲ့ကြောင်း သိရသည်။ Pfizer ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသည် ဂျပန်နိုင်ငံတွင် အပို ဆောင်းထိုးနှံခွင့်ပြုသည့် ပထမဆုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဖြစ်သည်။

 

အဆိုပါ ကာကွယ်ဆေးအပိုဆောင်းထိုးနှံပေး မည့်အစီအစဉ်တွင် လွန်ခဲ့သော ရှစ်လအတွင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးစီး သူများအား ဦးစားပေးထိုးနှံပေးမည် ဖြစ်သည်။ နိုင်ငံအတွင်းရှိ ကျန်းမာရေး ဝန်ထမ်းများအား ဒီဇင်ဘာလမှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအပိုဆောင်း ထိုးနှံပေးမည်ဖြစ်ပြီး သက်ကြီးရွယ်အိုများအား ၂၀၂၂ ခုနှစ် ဇန်နဝါရီတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပိုဆောင်းထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။ နိုင်ငံအတွင်း လက်ရှိအချိန်၌ အသက် ၁၂ နှစ်နှင့်အထက်ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံရန် သတ်မှတ်ထားပြီး အသက် ၁၈ နှစ်နှင့်အထက် ရှိသူများအား ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းခံယူရန် သတ်မှတ်ထားသည်။

 

သို့ရာတွင် Pfizer ဆေးဝါးကုမ္ပဏီမှ ၎င်းဆေးဝါး နှင့်ပတ်သက်၍ အသက်ငယ်ရွယ်သူများအား ထိုးနှံရာ၌ ဘေးကင်းလုံခြုံမှုရှိကြောင်း အချက်အလက်များ ထပ်မံတင်ပြလာပါက Pfizer ကာကွယ်ဆေးအပို ဆောင်းထိုးနှံမှု ခံယူနိုင်သည့် အသက်အရွယ်ကို လက်ရှိသတ်မှတ်ထားသည့် အသက်ထက်လျှော့ချ၍ သတ်မှတ်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ ထို့ပြင် နိုင်ငံအတွင်း ၂၀၂ ခုနှစ် မတ်လမှစတင်၍ Moderna ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား စီးပွားရေးလုပ်ငန်းများနှင့် တက္ကသိုလ်များတွင် အပိုဆောင်းထိုးနှံပေးရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ၊

ဘာသာပြန်-စိုးသူရ