ဂျပန်နိုင်ငံ၌ ပထမဆုံးအကြိမ်အဖြစ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူအရေအတွက် ၁ဝဝဝဝ ကျော် ရှိလာ

 

တိုကျို ဇူလိုင်  ၃၀

ဂျပန်နိုင်ငံ၌ ပထမဆုံးအကြိမ်အဖြစ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူအရေအတွက် ၁၀၁၁၀ ရှိလာချိန်တွင် တိုကျိုတွင်လည်း နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၃၈၆၅ ဦး ရှိလာခဲ့ကြောင်း ပြည်တွင်းမီဒီယာများတွင် ဖော်ပြသည်။

တိုကျိုတွင် ဇူလိုင် ၂၈ ရက်က ကိုဗစ်-၁၉ကူးစက် ဖြစ်ပွားသူ၃၁၇၇ ဦးရှိကြောင်း ဖော်ပြပြီးနောက် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၉၅၇၆ဦး ရှိလာခဲ့သည့်အတွက် ပထမဆုံးအကြိမ်အဖြစ် ကိုဗစ်၁၉ကူးစက်ဖြစ်ပွားသူ ၉၀၀၀ ကျော်လွန်လာခဲ့ပြီး ဇန်နဝါရီ ၈ ရက်က စံချိန်တင်ဖော်ပြခဲ့သော ကိုဗစ်၁၉ ကူးစက်ဖြစ်ပွားသူ ၇၉၅၈ ဦးကို ကျော်လွန်ခဲ့သည်။

လွန်ခဲ့သည့် သီတင်းပတ်ကတည်းက အိုလံပစ်အားကစားပြိုင်ပွဲလက်ခံကျင်းပရာ မြို့တော်၏ ခုနစ်ရက်ဆက်တိုက် နေ့စဉ်ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ အရေအတွက်သည် ယခင်သီတင်းပတ်က ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ၁၃၇၃ ဦးနှုန်း နှိုင်းယှဉ်ကြည့်ပါက ၂၂၂၄ ဦးနှုန်းအထိ တိုးလာခဲ့သည်။ ဂျပန်အစိုးရသည် တိုကျိုနှင့် အိမ်နီးချင်းခရိုင်များဖြစ်သော ကာနာဂါဝါ၊ ချီဘာနှင့် ဆိုင်တမာခရိုင်တို့တွင် ဇူလိုင် ၃၀ ရက်ထက် နောက်မကျဘဲ ကိုဗစ်-၁၉ အရေးပေါ် ကြေညာချက်ဆိုင်ရာ ဆုံးဖြတ်ချက်ကို အပြီးသတ် ချမှတ်မည်ဖြစ်သည်။

မြို့တော်အတွင်း ဖြစ်ပွားနေသော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု၏ ၇၀ ရာခိုင်နှုန်းသည် ဒယ်လ်တာ သန္ဓေပြောင်း ကိုဗစ်-၁၉ မျိုးစိတ်သစ်ကြောင့် ဖြစ်ကြောင်း အမျိုးသားကူးစက်ရောဂါ အင်စတီကျူက ပြောသည်။

ဆင်ဟွာ