တိုကျို ဇူလိုင် ၁၅
ဂျပန်နိုင်ငံ၌ ၂၀၂၅ ခုနှစ်အတွင်း တစ်ပတ်ရစ် စမတ်ဖုန်းရောင်းချရမှုမှာ ခုနစ်လဆက်တိုက် စံချိန်တင်မြင့်တက်လျက်ရှိသည်။ ဆီမီးကွတ်ဒတ်တာ ဝယ်လိုအားမြင့်တက်လာခြင်း၊ ယန်းငွေတန်ဖိုးကျဆင်းခြင်းတို့ကြောင့် စမတ်ဖုန်းအသစ်များ၏ ဈေးနှုန်းများမြင့်တက်လာခဲ့ပြီး တစ်ပတ်ရစ်စမတ်ဖုန်းများကို လူကြိုက်များလာစေခြင်းဖြစ်ကြောင်း သိရသည်။
ယခုနှစ်မတ်လအထိ တစ်နှစ်တာကာလအတွင်း တစ်ပတ်ရစ်စမတ်ဖုန်း ရောင်းချရမှုမှာ အလုံးရေ ၃၆၀၇၀၀၀ အထိ ရောက်ရှိခဲ့ပြီး ယခင်နှစ်ကထက် ၁၂ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာကြောင်း MM သုတေသနအဖွဲ့က ပြောသည်။ အဆိုပါအဖွဲ့က ၂၀၂၉ ခုနှစ်တွင် တစ်ပတ်ရစ်စမတ်ဖုန်း ရောင်းချရမှုမှာ အမြင့်ဆုံးငါးသန်းအထိ ရှိလာဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။
ထို့ပြင် အဆိုပါအဖွဲ့၏ စစ်တမ်းတစ်ခုအရ ဇန်နဝါရီလအထိ သုံးစွဲသူများသည် စမတ်ဖုန်းအသစ်တစ်လုံးအတွက် ပျမ်းမျှယန်းငွေ ၇၈၇၇၁ (အမေရိကန်ဒေါ်လာ ၄၉၀ ခန့်) သုံးစွဲခဲ့ရကြောင်း၊ ယင်းမှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကထက် ၃၀ ရာခိုင်နှုန်းဝန်းကျင် မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ


