ဂျပန်နိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅၉၈၈၅ ဦး ထပ်မံတွေ့ရှိ

ဇန်နဝါရီ ၂၇

 

ဂျပန်နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၉၈၈၅ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ထပ်မံသေဆုံးသူ ၄၁၀ ရှိသည်ဟု ထိုဝန်ကြီးဌာနက ဆိုသည်။

 

မြို့တော်တိုကျိုတွင် ယမန်နေ့က ထိုရောဂါကူးစက်ခံရသူ ၅၀၆၁ ဦး ထပ်မံတွေ့ရှိခဲ့ရာ ပြီးခဲ့သည့်သီတင်းပတ်ကူးစက်မှုမှ ၂၆၅၈ ဦး လျော့ကျလာကြောင်း ဖော်ပြထားသည်။

 

ထိုရောဂါကူးစက်မှုအရေအတွက်လျော့ကျလာသည်မှာ ကိုးရက်ဆက်တိုက်ရှိပြီဟု သိရသည်။

 

မြို့တော်တွင် ယင်းရောဂါကူးစက်မှုကြောင့် သေဆုံးသူ ၂၅ ဦးရှိကြောင်းနှင့်  ကျန်းမာရေးအခြေအနေဆိုးရွားသဖြင့် အသက်ရှုအထောက်အကူပြုကိရိယာတပ်ဆင်ထားသူ ၃၄ ဦး ရှိကြောင်း ဖော်ပြထားသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို