ဂျပန်နိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၈၁၅၃၅ ဦး ထပ်မံတွေ့ရှိ

ဇန်နဝါရီ ၂၅

ဂျပန်နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၈၁၅၃၅ ဦး ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ထားသည်။

နိုင်ငံတစ်ဝန်းတွင် ထိုရောဂါကူးစက်ခံရမှုကြောင့် ယမန်နေ့က ၃၀၇ ဦးသေဆုံးခဲ့သည်ဟု ထိုဝန်ကြီးဌာနက ဆိုသည်။

မြို့တော်တိုကျိုတွင် ထိုရောဂါကူးစက်ခံရသူ ၇၃၀၆ ဦးရှိရာ ပြီးခဲ့သည့်သီတင်းပတ် ကူးစက်မှုမှ ၃၈၁၄ ဦး လျော့ကျလာခြင်း ဖြစ်သည်။

အစောပိုင်းသီတင်းပတ်ကကူးစက်မှုနှင့်နှိုင်းယှဉ်ပါက ကူးစက်မှုလျော့ကျလာသည်မှာ ခုနစ်ရက်ဆက်တိုက်ရှိပြီဖြစ်ကြောင်း သိရသည်။

မြို့တော်တိုကျိုတွင် ယင်းရောဂါဖြင့် သေဆုံးသူဦးရေ ၃၀ ရှိသည်ဟု ထိုဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ထားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို