ဂျပန်နိုင်ငံရှိ ဟိုတယ်ခန်းဈေးနှုန်း ၂၀၁၉ ကိုဗစ် - ၁၉ ကာလမတိုင်မီ  အချိန်နှင့်နှိုင်းယှဉ်လျှင် ၁၅ ရာခိုင်နှုန်းတိုးလာ

 

တိုကျို၊ ဧပြီ ၂၃

 

ဂျပန်နိုင်ငံရှိ ဟိုတယ်ဈေးနှုန်း မှာ ၂၀၁၉ ခုနှစ် ကိုဗစ် -၁၉ ကပ်ရောဂါ ကာလမတိုင်မီအချိန်များနှင့်   နှိုင်းယှဉ်လျှင်  ၁၅ ရာခိုင် နှုန်း  တိုးလာသည်ဟု လေ့လာမှုတစ်ခုအရ သိရသည်။

 

အက်စ်တီအာဟု  ခေါ်သည့် အမေရိကန်ကုမ္ပဏီမှ တစ်ကမ္ဘာလုံးအနှံ့ ဟိုတယ်လုပ်ငန်းအတွက် ဈေးကွက် အချက်အလက်များကို ထောက်ပံ့ပေးနေသည့်  ကုမ္ပဏီ ဖြစ်ပြီး အဆိုပါကုမ္ပဏီက လေ့လာ မှု  ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဂျပန် နိုင်ငံတွင် ဇန်နဝါရီလမှ မတ်လ အတွင်း  ပျှမ်းမျှ  ဟိုတယ်အခန်း ဈေးနှုန်းမှာ ဒေါ်လာ ၁၂၀ ရှိသည်ဟု ဖော်ပြထားသည်။  အဆိုပါ ပမာဏမှာ ၂၀၁၉ခုနှစ်က ပမာဏ နှင့် နှိုင်းယှဉ်လျှင် ၁၅ ဒသမ ၇ ရာခိုင်နှုန်း  တိုးလာသည်ဟု  သိရသည်။

 

တိုကျို၌ ဟိုတယ်အခန်းခ ဈေးနှုန်းမှာ ဈေးအကြီးဆုံးဖြစ်ပြီး ဒေါ်လာ ၁၆၀ နီးပါးရှိသည်ဟု လေ့လာမှုအရ သိရသည်။ အဆိုပါ ဈေးနှုန်းမှာလည်း ၂၀၁၉ ခုနှစ် ကနှင့်နှိုင်းယှဉ်လျှင် ၁၇ ရာခိုင်နှုန်း တိုးလာသည်ဟု  သိရသည်။ ပြည်တွင်းခရီးသွားများ တိုးမြှင့်ရန် အတွက် အစိုးရက အကူအညီများ ပေးမှု၊ ဆိပ်ကမ်းများတွင် ကိုဗစ်- ၁၉ အတွက် တင်းကျပ်ထားသည့် စည်းကမ်းများ  လျှော့ချပေးမှုတို့ ကြောင့် ယခုလို ခရီးသွားလာမှုတိုးလာခြင်းဖြစ်ကြောင်း  အက်စ်တီ အာ၏ ဖော်ပြချက်အရ သိရသည်။

 

သယ်ယူပို့ဆောင်မှု လုပ်ငန်း များ ပြန်လည်စတင်ရာတွင် လျင်မြန်ခြင်းနှင့်  မြို့တော်သို့ လေကြောင်း ပြေးဆွဲမှုများ မြန်ဆန်ခြင်းတို့ကြောင့်  တိုကျိုသို့ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များ တိုးလျက် ရှိသည်။

 

အင်န်အိတ်ချ်ကေ