တိုကျို    ဇွန်    ၂၄

ဂျပန်နိုင်ငံရှိ ကုမ္ပဏီများသည် ဉာဏ်ရည်တုနည်းပညာအသုံးပြုတိုက်ခိုက်သည့် ဆိုက်ဘာတိုက်ခိုက်မှုများကို ရင်ဆိုင်နေရကြောင်း သိရသည်။

အဆိုပါအရေးကို ဖြေရှင်းဆောင်ရွက်ရန်အတွက် သတင်းအချက်အလက်နည်းပညာဆိုင်ရာ လုပ်ငန်းများသည် ဉာဏ်ရည်တုနည်းပညာလုံခြုံရေးဝန်ဆောင်မှုအစီအစဉ်များကို ကွန်ပျူတာများအတွင်း ထည့်သွင်း၍ ဆောင်ရွက်နေကြသည်။ နည်းပညာလုံခြုံရေးကုမ္ပဏီ ဂျိုဆီသည် ၎င်းထံတွင် တာဝန် ထမ်းဆောင်သည့် လုပ်သားများ၏ လူမှုမီဒီယာအကောင့်များတွင် သတင်းအချက်အလက် ကျိုးပေါက်မှုဖြစ်လာပါက ဉာဏ်ရည်တုနည်းပညာဖြင့်  ပြန်လည်ထိန်းသိမ်းဆောင်ရွက်သည်။  လက်ရှိအချိန်တွင်  ဉာဏ်ရည်တုနည်းပညာဖြင့်  ဆိုက်ဘာတိုက်ခိုက်မှုကျူးလွန်သည့်ဖြစ်ရပ်များ များလာသည်ဟု ဂျိုဆီကုမ္ပဏီ အမှုဆောင်ချုပ် မက်ဆူမိုတိုယာဆူကာက ပြောကြားသည်။ မိမိတို့အနေဖြင့် အက်ပလီကေးရှင်းများကို သေချာစွာစီမံခန့်ခွဲ ဆောင်ရွက်ခြင်းမရှိပါက ဉာဏ်ရည်တုနည်းပညာသုံး ဆိုက်ဘာတိုက်ခိုက်သူများကို အရေးယူဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း ၎င်းက ပြောကြား သည်။

ပြည်တွင်း ဆိုက်ဘာလုံခြုံရေးကုမ္ပဏီဖြစ်သည့် မိမိတို့ကုမ္ပဏီသည် ဂျပန်နိုင်ငံရှိလုပ်ငန်းများ၏ ဆိုက်ဘာလုံခြုံရေးကို ဆောင်ရွက်ရန် ကတိပြုထားကြောင်း ၎င်းကပြောကြားသည်။

ဂျပန်နိုင်ငံရှိ အခြားကုမ္ပဏီဖြစ်သည့် NTT Docomo Business သည် ပြီးခဲ့သည့်လအတွင်းက ဆိုက်ဘာလုံခြုံရေးဝန်ဆောင်မှုတစ်ခုကို စတင်အသုံးပြုခဲ့ကြောင်း သိရသည်။        

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - စိုးသူရ