ဂျပန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး တိုက်ဖျက်ရေးတွင် မျက်နှာဖုံးဝတ်ဆင်ရန် ဆော်ဩနေတဲ့ စက်တွေပါရှိလာ

၃၀ နိုဝင်ဘာ

 

 

ကိုရိုနာဗိုင်းရပ်စ်ပိုး မကူးစက်အောင် ထိန်းချုပ်တိုက်ဖျက်ရေးတွင် မျက်နှာဖုံးဝတ်ဆင်ရေးဟာ  အရေးကြီးတဲ့ အခြေခံအချက် တစ်ချက်ဖြစ်ပါတယ်။ အဲဒီအခြေခံကို လိုက်နာစေရန် ဂျပန်နိုင်ငံမှာ  စက်ရုပ်က ဈေးဝယ်သူတွေအား မျက်နှာဖုံးဝတ်ဆင်ရေးကို ဆော်ဩတာကို တွေ့ရပါတယ်။

 

ဂျပန်နိုင်ငံ အိုဆာကာ မြို့ရှိ အားကစားပစ္စည်းအရောင်း ဆိုင်မှာ လူ ပုံသဏ္ဍာန် နီးပါးရှိတဲ့ ရိုဘိုဘိ လို့ အမည်ပေးထားတဲ့ စက်ရုပ်က မျက်နှာဖုံးဝတ်ဆင်မထားသူတွေကို စိတ်မရှိပါနဲ့ မျက်နှာဖုံးဝတ်ပေးပါ လို့ ပြောကြားသလို တစ်ဦးနဲ့တစ်ဦး နီးနီးကပ်ကပ်ရှိနေခဲ့ရင်လည်း ခပ်ခွာခွာနေဖို့ သတိပေးကြောင်း သိရပါတယ်။

 

စက်ရုပ်ပြောဆိုချက်ကို လူသားတွေက လိုက်နာခဲ့ရင် အခုလို လုပ်ဆောင်မှုအပေါ် ကျေးဇူးတင်ကြောင်း စက်ရုပ်က ပြန်ပြောတယ်လို့ သိရပါတယ်။

 

အဲဒီစက်ရုပ်ဟာ လျှပ်စစ်ဓါတ်နဲ့ လည်ပတ်တဲ့ ရုံးဝန်ထမ်း စာရေးကို တည်ဆောက်ခဲ့တဲ့ ကျိုတိုအခြေစိုက် ATR အင်စတီမှ တီထွင် ထုတ်လုပ်တာဖြစ်ပါတယ်။

 

ဂျပန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှု အဝန်းအဝိုင်းဖြစ်ပေါ်ပြီး နောက်ပိုးတွေ့ရှိသူ များလာရာ တနင်္ဂနွေနေ့ရဲ့ ထုတ်ပြန်ချက်အရ ပိုးတွေ့ရှိသူ ၂,၅၈၅ နဲ့ သေဆုံးသူ ၃၂ ဦးရှိကြောင်း သိရပါတယ်။

 

 

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်သူ စုစုပေါင်း ၁၄၄,၆၅၃ ဦးနဲ့ သေဆုံးသူ စုစုပေါင်း ၂,၁၀၆ ဦးရှိတာကို တွေ့ရပါတယ်။

 

MDN

ကိုးကား - AFP