ဂျပန်နှင့် တောင်ကိုရီးယားတွင် တိုင်ဖွန်းမုန်တိုင်း ဟိုင်ရှန် တိုက်ခတ်ပြီးနောက် အပျက်အစီးများ ရှင်းလင်း

၈ စက်တင်ဘာ

 

 

တိုင်ဖွန်းမုန်တိုင်း ဟိုင်ရှန် တိုက်ခတ်ခဲ့ပြီးနောက် ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယား နိုင်ငံတို့တွင် အပျက်အစီးများကို လူများက ရှင်းလင်းလျက်ရှိသည်။

 

 

မုန်တိုင်း၏ အရှိန်ကြောင့် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းတွင် လူနှစ်ဉီး သေဆုံးခဲ့ပြီး  အချို့မှာ ပျောက်ဆုံးခဲ့သည်။  ဂျပန်နိုင်ငံ၌ ၉၆ဉီး  ဒဏ်ရာရရှိခဲ့သည်။

 

 

မုန်တိုင်း၏ အရှိန်ကြောင့်  ကျူရှူးကျွန်းနှင့် အခြားဒေသများတွင် လေပြင်းများ တိုက်ခတ်ခြင်းနှင့် မိုးသည်ထန်စွာ ရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့သည်။

 

 

မီယာဇာကီ စီရင်စုတွင် မြေပြိုမှု ဖြစ်ပွားပြီးနောက် အနီးရှိ မြစ်ထဲသို့ မျှောပါသွားသူ လေးဉီးကို ကယ်ဆယ်ရေး အဖွဲ့ဝင်များက လိုက်လံ ရှာဖွေလျက်ရှိသည်။

 

 

ပျောက်ဆုံးသွားသူ လေးဉီးထဲတွင်  ဒေသခံ ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခု၌ လုပ်ကိုင်နေသော ဗီယက်နမ် သင်တန်းသားနှစ်ဉီးလည်း ပါဝင်သည်ဟု ဆိုသည်။

 

 

မုန်တိုင်းသည် ကိုရီးယားကျွန်းဆွယ် အရှေ့တောင်ပိုင်းကို ဝင်ရောက်ခဲ့ပြီး အနည်းဆုံး လူနှစ်ဉီး သေဆုံးခဲ့သည်ဟု ဆိုသည်။

 

 

မုန်တိုင်းအရှိန်ကြောင့် လူပေါင်း ၃၀၀၀ ခန့်မှာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး၊ နှစ်ဉီးမှာ ပျောက်ဆုံးခဲ့ပြီး ငါးဉီးမှာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရ မီဒီယာများက ပြောကြားခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်