ဂျပန်တောင်ပိုင်း မိုးပိုမိုသည်းထန်စွာ ရွာသွန်းမှုဖြစ်ပွား

၁ ဇူလိုင်

 

ဂျပန်မိုးလေဝသဆိုင်ရာ အာဏာပိုင်များက ကာဂိုရှီးမား ၊ ကူမာမိုတို ၊ မီယဇာကီ နှင့် အီမီ စီရင်စုများရှိ လူပေါင်း တစ်သန်းကျော်အတွက် ဘေးကင်းရာသို့ပြောင်းရွှေ့ရန် ထုတ်ပြန်ချက်များထုတ်ပြန်ထားကြောင်း သိရသည်။

 

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းဖြစ်သောဒေသများတွင် ရေကြီးမှု ၊ မြေပြိုမှုများဖြစ်ပွားနိုင်ကြောင်း ၎င်းတို့က သတိပေးပြောကြားထားသည်။

 

ကာဂိုရှီးမား စီရင်စုတွင် မိုးရွာသွန်းခြင်းကြောင့် ၂၄ နာရီအတွင်း မိုးရေချိန် ၃၃၀ ကျော်  မီလီမီတာ ရှိပြီး အချို့ဒေသများတွင် တစ်နာရီလျှင် မိုးရေချိန် ၅၀ မီလီမီတာ အထက်တွင် ရှိနိုင်ကြောင်း ဖော်ပြထားသည်။

 

ကာဂိုရှီးမား ၊ မီယဇာကီ နှင့် အီမီ စီရင်စုများ၏ အစိုးရများက အိမ်ထောင်စုပေါင်း လေးသိန်းခုနှစ်သောင်းခြောက်ထောင် ရှိ လူပေါင်း ဆယ်သိန်းလေးသောင်းကျော်ကို ဘေးကင်းရာသို့ပြောင်းရွှေ့ရန် အကြံပြုချက်များ ထုတ်ပြန်ထားသည်။

 

အဆိုပါ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကြူရှူ ကျွန်းတောင်ဘက်ပိုင်းရှိ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ထိခိုက်နေကြောင်း နှင့် ကူမာမိုတို နှင့် ကာဂိုရှီးမာ-ချုအို ဘူတာရုံနှစ်ခုကြား မြန်နှုန်းမြင့်ရထား ပြေးဆွဲမှု  ခေတ္တရပ်ဆိုင်းထားကြောင်း  ကြူရှူရထားလမ်းကုမ္ပဏီ ကဆိုသည်။

 

ထိုဒေသရှိ ရထားများပြေးဆွဲမှုကိုလည်း ခေတ္တရပ်ဆိုင်းထားပြီး အချို့ဒေသများရှိ အဝေးပြေးလမ်းမကြီးများကိုလည်း ပိတ်ထားကြောင်း သိရသည်။

 

ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို