ဂျပန်တွင် အလုပ်ရှာဖွေရေးဝက်ဘ်ဆိုက်များကို အစိုးရအဖွဲ့များက လေ့လာလျက်ရှိ

ဇူလိုင် ၁၃

 

ဂျပန်နိုင်ငံ အလုပ်သမားရေးရာဝန်ကြီးဌာနနှင့် လက်တွဲအလုပ်လုပ်နေသော ကျွမ်းကျင်သူများအနေနှင့် အွန်လိုင်း အလုပ်ရှာဖွေရေးကဏ္ဍ ကြီးထွားလာမှုကို လေ့လာရေးလုပ်ဆောင်နေသည်မှာ ခရီးအတော်ရောက်နေပြီဖြစ်သည်။ အဆိုပါလေ့လာမှုသည် အလုပ်ရှာဖွေရေးဝက်ဘ်ဆိုက်များမှ အချက်အလက်များ စုဆောင်းရာတွင် အစိုးရအတွက် လွယ်ကူသည့်စနစ်တစ်ခုကို ဖန်တီးရန် ရည်ရွယ်ထားသည်။

 

အလုပ်ရှာဖွေသူများ၏ ၃၇.၆ ရာခိုင်နှုန်းသည် ဝက်ဘ်ဆိုက်မှတစ်ဆင့် ၎င်းတို့၏အလုပ်ကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ဝန်ကြီးဌာနက ပြောထားသည်။ ၁၂ ရာခိုင်နှုန်းခန့်သာလျှင် အလုပ်နေရာချထားရေးရုံးမှ ၎င်းတို့၏ အလုပ်များကို ရရှိခဲ့ခြင်းဖြစ်သည်။

 

လက်ရှိအခြေအနေတွင် အစိုးရအနေဖြင့် အလုပ်ရှာဖွေရေးကိစ္စရပ်များနှင့်ပတ်သက်သည့် အချက်အလက်များကို အလုပ်နေရာချထားရေးရုံးမှ ရရှိထားခြင်းဖြစ်သည်။ အလုပ်ရှာဖွေရေးဝက်ဘ်ဆိုက်များမှ ပုံစံများအနေဖြင့် ပိုမိုတိကျမှန်ကန်မှုရှိသင့်ကြောင်းကို ဝန်ကြီးဌာနမှခန့်အပ်ထားသော ကျွမ်းကျင်သူများက ပြောခဲ့သည်။

 

အလုပ်လျှောက်ထားသူများကလည်း ၎င်းတို့၏ကိုယ်ရေးအချက်အလက်များကို အွန်လိုင်းပေါ်တွင် ပိုမိုလုံခြုံမှုရှိရန် တောင်းဆိုထားသည်။ ဝန်ကြီးဌာနမှ တာဝန်ရှိသူများအနေဖြင့် လာမည့်နှစ် လွှတ်တော်တွင် အဆိုပါ အကြံပြုချက်များနှင့် ပတ်သက်၍ မူကြမ်းတစ်ခုကို တင်သွင်းရန် စီစဉ်ထားကြောင်း သိရသည်။

ကိုးကား- အန်အိတ်ချ်ကေ

ဘာသာပြန်- စုရည်