ဂျပန်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၁၈ ဦး ထပ်မံတွေ့ရှိ

၂၆ ဩဂုတ်

 

 

ဂျပန်နိုင်ငံ တစ်ဝန်းတွင် ယမန်နေ့က တိုကျိုမြို့တော်ရှိ  ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ ၁၈၂ ဦး အပါအဝင် ထပ်မံကူးစက်ခံရသူ ၇၁၈ ဦး ရှိကြောင်း ဂျပန်အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။

 

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၆၄၇၁၄ ဦး အထိ ရှိသည်။

 

 

ထိုကူးစက်ခံရသူများတွင် ယခုနှစ် အစောပိုင်းက တိုကျိုမြို့တော် အနီးတွင် ဆိုက်ကပ်ခဲ့သော ဒိုင်းမွန်းပရင့်စ် အပျော်စီး သင်္ဘောပေါ်မှ ကူးစက်ခံရသူ ၇၁၂ ဦးနှင့် လေဆိပ်ကွာရန်တင်း စစ်ဆေးမှုမှ တွေ့ရှိခဲ့သည့် ကူးစက်ခံရသူများလည်း ပါဝင်သည်။

 

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် ၁၄ ဦး ထပ်မံသေဆုံးခဲ့ပြီး ထိုအပျော်စီး သင်္ဘောပေါ်မှ သေဆုံးသူ ၁၃ ဦး အပါအဝင် သေဆုံးသူပေါင်း ၁၂၃၀ ဦး ရှိလာသည်။

 

 

ကူးစက်လူနာ ၂၅၂ ဦးမှာ အခြေအနေ စိုးရိမ်ရသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို