ဂျပန်ဝန်ကြီးချုပ် ဆူဂါ လာမည့် သီတင်းပတ်တွင် ဗီယက်နမ်၊ အင်ဒိုနီးရှားနိုင်ငံများသို့ သွားရောက်မည်

၁၃ အောက်တိုဘာ

 

ဂျပန်ဝန်ကြီးချုပ် ဆူဂါ ယိုရှီဟီဒါသည် လာမည့်သီတင်းပတ်တွင် ဗီယက်နမ်နှင့်အင်ဒိုနီးရှားနိုင်ငံများသို့ သွားရောက်ရန် စီစဉ်ထားသည်။

 

ထိုခရီးစဉ်သည် ဝန်ကြီးချုပ်ရာထူးတာဝန် ထမ်းဆောင်ပြီးနောက်ပိုင်း ပထမဆုံးသွားရောက်သည့် ပြည်ပခရီးစဉ်ဖြစ်သည်။

 

လာမည့် တနင်္ဂနွေနေ့တွင် စတင်မည့် ဆူဂါ၏လေးရက်ကြာခရီးစဉ်အတွင်း ဗီယက်နမ်ဝန်ကြီးချုပ် နှင့် အင်ဒိုနီးရှားသမ္မတ တို့နှင့်တွေ့ဆုံဆွေးနွေးရန် ဂျပန်အစိုးရတာဝန်ရှိသူများက စီစဉ်ထားသည်။

 

အင်္ဂါနေ့တွင် ပြုလုပ်သော ဂျပန်အစိုးရအဖွဲ့၏ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ အလုပ်အမှုဆောင်အစည်းအဝေးတွင် ဆူဂါက   ထိုအစီအစဉ်ကို ထုတ်ဖော်ပြောကြားခဲ့သည်။

 

ထိုအင်ဒို-ပစိဖိတ်ဒေသတွင် ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် ဂျပန်နိုင်ငံက ကူညီပေးသွားမည် ဖြစ်ကြောင်းကို ပြည်တွင်းနှင့်ပြည်ပ နှစ်ခုစလုံးကို ပြသရန်ရည်ရွယ်သည်ဟု ၎င်းက ဆိုသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို