ဂျပန်ဝန်ကြီးချုပ် ဒီဇင်ဘာလအစောပိုင်းတွင် အိန္ဒိယသို့ သွားရောက်မည်

၅ စက်တင်ဘာ

ဒီဇင်ဘာလ အစောပိုင်းတွင် ဂျပန်ဝန်ကြီးချုပ်သည် အိန္ဒိယနိုင်ငံသို့ သွားရောက်လည်ပတ်မည် ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒရာမိုဒီတို့နှစ်ဦး သဘောတူညီခဲ့ကြသည်။

၎င်းတို့နှစ်ဦးသည် ရုရှားနိုင်ငံ ဗလာဒီဗော့စ်တော့ခ်မြို့တွင်ကျင်းပသော အရှေ့တိုင်းစီးပွားရေးဖိုရမ်၏ ဆက်စပ်အစည်းအဝေးတွင် ၄၅ မိနစ်ကြာ  ဆွေးနွေးပြောဆိုခဲ့ကြသည်။

၎င်းတို့၏ နိုင်ငံခြားသားနှင့် ကာကွယ်ရေးဝန်ကြီးများ ပထမအကြိမ် ပူးတွဲ အစည်းအဝေးကို ယခုနှစ်အစောပိုင်းရက်၌ တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ထိုခေါင်းဆောင်နှစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

နှစ်ဖက်အပြန်အလှန်ခရီးစဉ်အဖြစ် ဒီဇင်ဘာလအစောပိုင်းတွင် အိန္ဒိယနိုင်ငံသို့ သွားရောက်လည်ပတ်ရန်လည်း အာဘေးက သဘောတူညီခဲ့သည်။

ဂျပန် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့များနှင့် အိန္ဒိယလက်နက်ကိုင်တပ်ဖွဲ့များ လောင်စာဆီအပါအဝင် တစ်ဦးကို တစ်ဦး ထောက်ပံ့ပို့ဆောင်ရေး အတွက် အာဘေးခရီးစဉ် မတိုင်မီ နှစ်နိုင်ငံ သဘောတူညီချက် ရရှိနိုင်သည်ဟု မျှော်လင့်ကြောင်း မိုဒီက ပြောကြားခဲ့သည်။

အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံအကြား စစ်ရေးတင်းမာမှုများ မြင့်မားနေဆဲဖြစ်သော အငြင်းပွားဖွယ် ကတ်ရှ်မီးယား ဒေသရှိ နောက်ဆုံး  အခြေအနေအကြောင်းနှင့် ပတ်သက်ပြီး မိုဒီက အာဘေးကို ပြောကြားခဲ့သည်။

ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို