ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ယခုလအတွင်း အီရန်သို့ သွားရောက်မည်

တိုကျို ၃ ဇွန်

 

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် အမေရိကန်နှင့်အီရန်ကြား ပြေလည်အောင်စေ့စပ်ပေးရန် မျှော်လင့်ချက်ဖြင့် ယခုလလယ်တွင် အီရန်ခေါင်းဆောင်ကြီး အယာတိုလာအလီခါမေနီနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း သတင်းတစ်ပုဒ်က ဖော်ပြခဲ့သည်။

 

Mainichi Shimbun သတင်းစာပါ သတင်းတစ်ပုဒ်အရ ရှင်ဇိုအာဘေးနှင့် သြဇာကြီးမားသော ခါ မေနီတို့တွေ့ဆုံမှုမှာ ဂျပန်ဝန်ကြီးချုပ်တစ်ဦးနှင့် အီရန်ခေါင်းဆောင်ကြား ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှု ဖြစ်လာမည်ဟုသိရသည်။ သူ့အနေဖြင့် အီရန်နိုင်ငံနှင့် တွေ့ဆုံဆွေးနွေးရန် တံခါးဖွင့်လှစ်ထားဆဲဖြစ်ကြောင်း ပြီးခဲ့သည့်အပတ်က ဂျပန်နိုင်ငံသို့လာရောက်သည့် နိုင်ငံတော်ခရီးစဉ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့ပြီး အာဘေး၏ ခါမေနီနှင့်တွေ့ဆုံမည့်အစီအစဉ်ကို မီးစိမ်းပြလိုက်ပုံပေါ်သည်။

 


ဇွန်လ ၁၂ ရက်မှ ၁၄ ရက်ထိ အီရန်နိုင်ငံသို့သွားရောက်မည့် ခရီးစဉ်အတွင်း ရှင်ဇိုအာဘေးသည် ခေါင်းဆောင်ကြီး ခါမေနီနှင့် မတွေ့ဆုံမီ အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီနှင့်လည်း တွေ့ဆုံမည်ဟု အ မည်မဖော်လိုသည့် အစိုးရသတင်းရပ်ကွက်များကို ကိုးကား၍ Mainichi Shimbun သတင်းစာက ဖော်ပြ ခဲ့သည်။ ပြီးခဲ့သောနှစ်အတွင်း အီရန်နိုင်ငံမှတင်သွင်းသည့် ရေနံစိမ်းမှာ ဂျပန်နိုင်ငံ၏ စုစုပေါင်း ရေနံသွင်း ကုန်များ၏ ၅ ဒသမ ၃ ရာခိုင်နှုန်းမျှသာရှိသည်။

 

သို့သော်လည်း အရင်းအမြစ်ကြွယ်ဝခြင်းမရှိသော ဂျပန်နိုင်ငံက အရှေ့အလယ်ပိုင်းဒေသမှ ရေနံ သွင်းကုန်များအပေါ် ကြီးမားစွာ မှီခိုနေရမှုကြောင့် ဂျပန်နှင့်အီရန်တို့မှာ ကောင်းမွန်သောဆက်ဆံရေးကို ထိန်းသိမ်းခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်