ဂျပန်ဝန်ကြီးချုပ်ဟောင်း နာကာဆုန် အသက် ၁၀၁ နှစ်ကွယ်လွန်

၂၉ နိုဝင်ဘာ

 

ဂျပန်ဝန်ကြီးချုပ်ဟောင်း ယာဆူဟီရို နာကာဆုန် အသက် ၁၀၁ နှစ်အရွယ်တွင် သေဆုံးသွားခဲ့သည်ဟု ၎င်းနှင့်နီးစပ်သည့် သတင်းရင်းမြစ် က ယနေ့ပြောကြားခဲ့သည်။

 

နာကာဆုန်သည် ၁၉၈၂ ခုနှစ် နိုဝင်ဘာ မှ ၁၉၈၇ ခုနှစ် နိုဝင်ဘာအထိ ဂျပန်ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

 

ဂျပန်ကာကွယ်ရေး ပြဌာန်းချက်များ ကျယ်ပြန့်လာမှုကို ထောက်ခံအားပေးခြင်းကြောင့် နာကာဆုန်သည် လူသိများသော နိုင်ငံရေးသမားတစ်ဦး ဖြစ်ခဲ့သည်။ ယနေ့မနက် ၇ နာရီက တိုကျိုမြို့ရှိ ဆေးရုံတစ်ခု၌  နာကာဆုန် သေဆုံးသွားခဲ့သည်ဟု သတင်းရင်းမြစ်က ဆိုသည်။

 

5

 

နာကာဆုန်သည် ၎င်း၏ရာထူးသက်တမ်းအတွင်း ဂျပန်နိုင်ငံ၏ အမျိုးသားရထားလမ်းစနစ်ကို ပုဂ္ဂလိကပိုင်ပြုလုပ်ရေးအတွက်  ထောက်ခံအားပေးခဲ့ပြီး ဂျပန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဉပဒေပြင်ဆင်ရန်လည်း ထောက်ခံအားပေးခဲ့သူဖြစ်သည်။

 

နာကာဆုန်ကို ဂန်မာ စီရင်စု ရှိ တာကာဆာကီ မြို့တွင် ၁၉၁၈ ခုနှစ် က မွေးဖွားခဲ့သည်။ နာကာဆုန်သည် ၁၉၄၇ ခုနှစ်တွင် နိုင်ငံရေးလောကထဲသို့ ဝင်ရောက်ခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို