ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး သေနတ်ပစ်ခတ်ခံရမှုကြောင့် သေဆုံး

ဇူလိုင် ၈

 

ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးသည် သေနတ်ပစ်ခတ်ခံရမှုကြောင့် ဆေးရုံတွင် ဆေးကုသမှုခံယူရင်း သေဆုံးသွားကြောင်း လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အာဘေးသည် ဂျပန်နိုင်ငံအနောက်ပိုင်း နာရာမြို့ရှိလမ်းပေါ်တွင်  ယနေ့မနက် ၁၁ နာရီ ၃၀ မိနစ်ဝန်းကျင်က သေနတ်ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။

 

အာဘေးသည် အသက် ၆၇ နှစ် ရှိပြီဖြစ်သည်။

 

အာဘေးသည် လာမည့်အထက်လွှတ်တော်ရွေးကောက်ပွဲအတွက် မဲဆွယ်ဟောပြောနေစဉ်  သေနတ်ပစ်ခတ်ခံခဲ့ရသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို