ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏  နိုင်ငံတော်အဆင့် ဈာပနအခမ်းအနား ကျင်းပ

တိုကျို   စက်တင်ဘာ   ၂၈

ဂျပန်ဝန်ကြီးချုပ်ဟောင်း     ရှင်ဇိုအာဘေး၏ နိုင်ငံတော်အဆင့်ဈာပနအခမ်းအနားကို ယနေ့တွင် တိုကျိုမြို့၌    ကျင်းပရာ   အဆိုပါအခမ်းအနားသို့ လူပေါင်းထောင်ချီတက်ရောက်ခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ်သက်တမ်း  အရှည် ကြာဆုံးဖြစ်သည့်  ရှင်ဇိုအာဘေးသည်  ဇူလိုင်လ အတွင်းက     ရွေးကောက်ပွဲစည်းရုံးလှုံ့ဆော်ရေး မိန့်ခွန်းပြောကြားနေစဉ်   သေနတ်ဖြင့်   ပစ်ခတ် လုပ်ကြံခံခဲ့ရခြင်းဖြစ်သည်။ 

ရှင်ဇိုအာဘေး၏       ဈာပနအခမ်းအနားသည် ဂျပန်နိုင်ငံ၌ နိုင်ငံတော်အဆင့် ကျင်းပသည့် ဒုတိယ မြောက် ဈာပနဖြစ်ပြီး လွန်ခဲ့သည့် ၅၅ နှစ်ကလည်း ဂျပန်ဝန်ကြီးချုပ်ဟောင်း         ယိုရှီဒါရှီဂီရူအတွက် နိုင်ငံတော်အဆင့်ဈာပနအခမ်းအနား     ကျင်းပခဲ့ ကြောင်း သိရသည်။

ရှင်ဇိုအာဘေး၏    နိုင်ငံတော်အဆင့်ဈာပန အခမ်းအနားသို့       ဂျော်ဒန်ဘုရင် အဗ္ဗဒူလာ၊ ဗီယက်နမ်သမ္မတ ငုယင်စွန်းဖု၊   ဖိလစ်ပိုင် ဒုတိယ သမ္မတ   ဆာရာဒူတာတေး၊   စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၊ တောင်ကိုရီးယားဝန်ကြီးချုပ်      ဟန်ဒက်ဆူးနှင့် အခြားသောနိုင်ငံ့ခေါင်းဆောင်များ၊     ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ၊     ဂျပန်နိုင်ငံ    အထက်လွှတ်တော်နှင့် အောက်လွှတ်တော်မှ  အကြီးအကဲများနှင့်   တရား ရုံးချုပ် တရားသူကြီးတို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။                 

 ကိုးကား - အင်န်အိတ်ချ်ကေ
 ဘာသာပြန် - အလင်းသစ်