ဂတ်စ်အိုးပေါက်ကွဲ၍ ဒဏ်ရာရရှိ

မြစ်ကြီးနား  ၂၀  ဇန်နဝါရီ

 

မြစ်ကြီးနားမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ ရန်အောင်မြင်လမ်းနေ ဒေါ်နန်းနွယ်သည် ယနေ့ နံနက် ၆ နာရီတွင် မြစ်ကြီးနားတက္ကသိုလ်အတွင်း မိုးပျံပူပေါင်းပြုလုပ်နေစဉ် ဂတ်စ်အိုးပေါက်ကွဲပြီး မျက်နှာ၊ ရင်ဘတ်နှင့် လက်တို့တွင် ဒဏ်ရာရရှိခဲ့သဖြင့် မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ တင်ပို့ကုသလျက်ရှိသည်။

 

လူနာအား ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် တာဝန်ရှိသူများက ဆေးရုံသို့ သွားရောက်ကြည့်ရှုအားပေး၍ လိုအပ်သည်များ ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)