ဂွါတီမာလာနိုင်ငံ၌ မျောက်ကျောက်ရောဂါ ပထမဆုံးကူးစက်ခံရသူတစ်ဦး တွေ့ရှိ

ဩဂုတ် ၉

 

ဂွါတီမာလာနိုင်ငံတွင် မျောက်ကျောက်ရောဂါ ပထမဆုံး ကူးစက်ခံရသူတစ်ဦးကို ဗုဒ္ဓဟူးနေ့ကတွေ့ရှိကြောင်း ပြည်သူ့ကျန်းမာရေးနှင့် လူမှုကူညီရေးဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ထားသည်။

 

ထိုရောဂါကူးစက်ခံရသူသည် အသက် ၃၁ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး မြို့တော်ဂွါတီမာလာတွင် စမ်းသပ်စစ်ဆေး တွေ့ရှိခဲ့ခြင်းဖြစ်သည်။

 

အဆိုပါအသက် ၃၁ နှစ်အရွယ်အမျိုးသားသည် နေအိမ်မှာပင် သီးခြားနေထိုင်ကြောင်း၊ ဆေးရုံတက်ကုသရန် မလိုအပ်ကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန်များ၏ ကုသမှုအောက်တွင် ရှိနေကြောင်း သိရသည်။

မျောက်ကျောက်ရောဂါသည် သွေး၊ ကိုယ်တွင်းအရည်များ၊ အရေပြား၊ ချွဲသလိပ်၊ နှပ်တို့မှတစ်ဆင့် တိုက်ရိုက်ဖြစ်စေ သို့မဟုတ် သွယ်ဝိုက်၍ဖြစ်စေ ကူးစက်နိုင်သည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က  မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားမှုကို ကျန်းမာရေး အရေးပေါ်အခြေအနေတစ်ရပ်အဖြစ် ဇူလိုင်လ ၂၃ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို