ဂျူဗင်တပ်နည်းပြ ဆာရီက ကန်တီနဲ့ ပြန်လည်လက်တွဲလိုဟုဆို

၃  အောက်တိုဘာ

ဂျူဗင်တပ်အသင်းနည်းပြ ဆာရီက ချယ်လ်ဆီးကြယ်ပွင့်ကစားသမား ကန်တီကို ခေါ်ယူဖို့ပစ်မှတ်ထားနေပြီး ဂျူဗင်တပ်အသင်းမှာ ပြန်လည်လက်တွဲလိုတယ်လို့ ပြောကြားလာပါတယ်။ နည်းပြဆာရီဟာ ချယ်လ်ဆီးအသင်း နည်းပြအဖြစ် တာဝန်ယူခဲ့စဉ်က ကွင်းလယ်ကစားသမား ကန်တီနဲ့လက်တွဲခဲ့တာလည်း ဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းရဲ့ကွင်းလယ်ပိုင်းမှာ အာရွန်ရမ်ဆေး၊ ပီဂျာနစ်နဲ့ ကန်တီတို့ကို တွဲဖက်ကစားစေမယ်ဆိုရင် အောင်မြင်မှုရရှိမယ်လို့လည်း နည်းပြဆာရီက ယုံကြည်ထားတာ ဖြစ်ပါတယ်။ နည်းပြဆာရီဟာ ကွင်းလယ်ကစားမား ကန်တီကို ပြောင်းရွှေ့ကြေး ပေါင်းသန် ၇၀ အထိပေးပြီး ခေါ်ယူမယ်လို့လည်း ဆိုပါတယ်။

ငွေကြယ်