ဟားခါးမြို့၌ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း စတင်

 

ဟားခါး၊ အောက်တိုဘာ ၁

 

၂၀၂၄ ခုနှစ်တွင် ကောက်ယူမည့် သန်းခေါင်စာရင်းအတွက် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းကို အောက်တိုဘာ ၁ ရက် နံနက်ပိုင်းက ချင်းပြည်နယ်၊ ဟားခါးမြို့၊ စျေးသစ်ရပ်ကွက်တွင် စတင်ကောက်ယူလျက်ရှိသည်။

 

အဆိုပါ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ချင်းပြည်နယ် လူမှုရေးရာဝန်ကြီး ဦးကျော်စိုးဝင်း၊ ဟားခါးမြို့နယ် သန်းခေါင်စာရင်း ကောက်ယူရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်မျိုးအောင်နှင့် ရပ်ကွက်သန်းခေါင်စာရင်း ကောက်ယူရေး ကော်မတီများက ပူးပေါင်းကောက်ယူခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရန်နှင့် သန်းခေါင်စာရင်း ကောက်ယူရာတွင် တွေ့ကြုံလာနိုင်သည့် အခက်အခဲများကို ကြိုတင်ပြင်ဆင်ထားနိုင်ရန် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူရခြင်း ဖြစ်ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)

 

mdn