ဟားခါးမြို့၌(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနား ကျင်းပ

 

ဟားခါး၊ အောက်တိုဘာ ၁

 

၂၀၂၃ ခုနှစ်၊ (၅၉)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားကို အောက်တိုဘာ ၁ ရက် နံနက်ပိုင်းက ဟားခါးမြို့၊ ချင်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးဝင်းအတွင်းရှိ ရဲဇာနည်ခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်မိုးဟိန်း၊ ပြည်နယ်ဝန်ကြီးများ၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဟိန်းထက်အောင်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင် မိသားစုများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

mdn

 

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ချင်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးစိုးလွင်မိုးက (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့သို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ထံမှ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်။ ဆက်လက်၍ ချင်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးဝင်းမိသားစုများမှ စိုက်ပျိုးရေး အကောင်းဆုံးဆုရသူ ရဲတပ်ကြပ်ကြီး ထန်းလိန်း၏ ဇနီး ဒေါ်ထန်းရောင်းအား ချင်းပြည်နယ်ဝန်ကြီးချုပ်က လည်းကောင်း၊ မွေးမြူရေး အကောင်းဆုံးဆုရရှိသူ ရဲတပ်ကြပ်ထွန်းနိုင်၏ဇနီး ဒေါ်စန်းယုနွယ်အား ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ကလည်းကောင်း၊ နေအိမ်လိုင်းခန်း အကောင်းဆုံးရရှိသူ ရဲတပ်ကြပ် မိတ်ကာ၏ဇနီး ဒေါ်မှိတ်ဘူးဖွေးအား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်ကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြပြီး ချင်းပြည်နယ် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများအတွက် စားသောက်ကုန်ပစ္စည်းများကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က ပေးအပ်ရာ ချင်းပြည်နယ် ရဲတပ်ဖွဲ့ ဦးစီးအရာရှိ (ပထမတန်း) ဒုတိရဲမှူးကြီးတင်မိုးဦးက လက်ခံရယူသည်။

 

ထို့နောက် (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် Video Clip ကို ဖွင့်လှစ်ပြသရာ တက်ရောက်လာသူများက ကြည့်ရှုအားပေးကြသည်။

 

ခရိုင်(ပြန်/ဆက်)