ဟားခါးမြို့နယ် ဒါအိုချိန်းကျေးရွာအုပ်စု အိုင်ဗဲကျေးရွာတွင်မီးကြွင်း မီးကျန်မှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးမှုဖြစ်ပွား

ဟားခါး ၂၉ ဇွန်

 

ချင်းပြည်နယ် ဟားခါးမြို့နယ် ဒါအိုချိန်းကျေးရွာအုပ်စု အိုင်ဗဲကျေးရွာနေ ဦးထန်ကြည်သည် ဇွန်လ ၂၈ ရက်နေ့ ညနေ ၃နာရီခွဲတွင် နေအိမ်မှ အပြင်သွားနေခိုက် နေအိမ်ရှိ မီးကြွင်းမီးကျန်မှ တစ်ဆင့် မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ရာ ကျေးရွာရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပတ်ဝန်းကျင်နေ ပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ခြင်းကြောင့် ညနေ၄ နာရီခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါမီးလောင်ကျွမ်းမှုကြောင့် ဦးထန်ကြည်၏ သွပ်မိုး သွပ်ကာ ပျဉ်ခင်း နေအိမ်တစ်လုံးဆုံးရှုံးမှုဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုတစ်စုံတစ်ရာ မရှိခဲ့ကြောင်း၊ မီးကိုပေါ့ဆစွာအသုံးပြုခဲ့သူ ဦးထန်ကြည်အား ဟားခါးမြို့မ ရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

 

ခရိုင်ပြန်ဆက်