ဟားခါးမြို့တွင် ဆောင်းရာသီအအေးဒဏ်ကြောင့် အနွေးထည်များ ရောင်းအားကောင်း

ဟားခါး၊ ၉ ဒီဇင်ဘာ

 

ဟားခါးမြို့တွင် ဆောင်းရာသီအအေးဒဏ် လွန်ကဲလာခြင်းကြောင်း အနွေးထည် အဝတ်အစားများ ဒီဇင်ဘာလအတွင်း ရောင်းအားပိုမိုကောင်းလာကြောင်း သိရှိရသည်။

 

ဟားခါးမြို့အတွင်း အထည်အရောင်းသူတစ်ဦးမှ “ကျွန်တော်တို့ အခုထည်တွေ တော်တော်ရောင်းရပါတယ်၊ ဆောင်းဝင်လာတော့ ဟားခါးက အရမ်းအေးတယ်။ အနွေးထည် ကလေးဝတ်၊ လူကြီးဝတ် အစုံရောင်းရတယ်၊ ရုံးပိတ်ရက်တွေဆို တစ်ရက်ကို ပုံမှန်(၅)သိန်းနှင့်အထက် ရပါတယ်၊ ဒီဇင်ဘာအတွင်း သိသိသာသာ ရောင်းအားမြင့်လာတယ်၊ (၁၀)သိန်းအထိရတဲ့ရက်တွေလဲ ရှိလာတယ်၊ ကျွန်တော်တို့က မန္တလေး၊ ရန်ကုန်က အထည်တွေရောင်းတာပါ၊ ဟားခါးမှာက စနေ၊ တနင်္ဂနွေတွေဆိုရင် ဆိုင်တွေပိတ်ကြတယ်၊ ကျွန်တော်တို့က မပိတ်ဘူးဆိုတော့ ပိုရောင်းရပါတယ်၊ ကျွန်တော်တို့က အနွေးပါတဲ့ အဝတ်အစား မျိုးစုံရောင်းပါတယ်၊ ပြည်မက လာရောင်းတာပါဟု ပြောပြသည်။

 

ဟားခါးမြို့အတွင်း ဆောင်းရာသီအအေးဒဏ် လွန်ကဲလာခြင်းကြောင်း အနွေးထည် အဝတ်အစားများ ရောင်းချခြင်း အားကောင်းလာပြီး ဆောင်းကုန်တဲ့အထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ခရိုင်(ပြန်/ဆက်)