ဟာရီကိန်းမုန်တိုင်း ဒိုရိန်း ရောက်ရှိလာနိုင်သဖြင့် ဖလော်ရီဒါ  ပြင်ဆင်

၃၀ သြဂုတ်

 

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်၌ လာမည့်ရက်သတ္တပတ်အစောပိုင်းတွင် ကြီးမားသောဟာရီကိန်းမုန်တိုင်း တစ်ခု ဆိုက်ရောက်လာနိုင်သဖြင့် နိုင်ငံ အရေးပေါ်ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

 

ယမန်နေ့က ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် ဟာရီကိန်း မုန်တိုင်း ဒိုရိန်း သည်  အတ္တလန္တိတ် သမုဒ္ဒရာ ကို ကျော်ဖြတ်ကာ အနောက်မြောက်ဘက်သို့ ရွေ့လျားသွားမည်ဖြစ်ကြောင်း အမေရိကန်အမျိုးသားဟာရီကိန်းစင်တာမှ တာဝန်ရှိသူများက ဆိုသည်။

 

လာမည့် ရက်သတ္တပတ်အစောပိုင်းတွင် ဖလော်ရီဒါ ၌  ဒုတိယ အများဆုံး ပျက်စီးစေပြီး မုန်တိုင်းအဆင့် ၄ အဖြစ် သတ်မှတ်ထားသော အားပြင်းသည့် ဟာရီကိန်းမုန်တိုင်း ဆိုက်ရောက်လာမည်ဟု ၎င်းတို့က ကြိုတင်ခန့်မှန်းထားသည်။

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က ၎င်း၏ ဦးစားပေးသည် ဟာရီကိန်းလမ်းကြောင်းရှိ ပြည်သူများ၏ လုံခြုံရေးနှင့် ဘေးကင်းရေး ဖြစ်သည်ဟု ပြောဆိုကာ ယခုသီတင်းပတ် စနေ ၊ တနင်္ဂနွေတွင် သွားမည့် ပိုလန်နိုင်ငံခရီးစဉ်ကို ဖျက်သိမ်းခဲ့သည်။

 

ဖလော်ရီဒါ တာဝန်ရှိသူများက ဘေးကင်းရာသို့စောစီးစွာ ရွှေ့ပြောင်းကြရန် ဒေသခံများကို တိုက်တွန်းပြောကြားထားသည်။ ၎င်းတို့၏ နေအိမ်များမှ ထွက်ခွာနိုင်ခြင်းမရှိသူများ  အစားအစာ နှင့် ရေ ကို  သီတင်းပတ် တစ်ပတ်စာထက်မနည်း သိုလှောင်ထားကြရန်ကိုလည်း ပြည်သူများကို အကြံပေးပြောကြားထားသည်။

 

ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန်- မြင့်မြင့်ချို