တိုကျို  မတ်  ၁၆

ဟော်မုဇ်ရေလက်ကြားရှိ ဂျပန်နှင့် ဆက်နွှယ်လျက်ရှိသော  သ‌င်္ဘောများ    ဘေးအန္တရာယ်ကင်းရှင်းရန် ဂျပန်ဥပဒေမူဘောင်အတွင်း မည်သို့ဆောင်ရွက်နိုင်မည်ဆိုသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ဂျပန်အစိုးရအနေဖြင့် စဉ်းစားဆုံးဖြတ်လျက်ရှိကြောင်း ဂျပန်ဝန်ကြီးချုပ် တာကာအိချီဆာနာအဲက ပြောကြားလိုက်သည်။

တာကာအိချီသည် ဧပြီလတွင် စတင်မည့် ဘဏ္ဍာနှစ်အတွက် မတ် ၁၆ ရက်က ကျင်းပခဲ့သော ဘတ်ဂျက်ဥပဒေကြမ်းဆိုင်ရာ အထက်လွှတ်တော်ကော်မတီအစည်းအဝေးတွင် အဆိုပါအချက်အလက်များကို ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါဥပဒေကြမ်းကို အောက်လွှတ်တော်က   လွန်ခဲ့သော   သီတင်းပတ်က အတည်ပြုခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားသို့ သင်္ဘောများစေလွှတ်ရန် ကမ္ဘာ့နိုင်ငံများကို တိုက်တွန်းပြီးနောက် ဂျပန်နိုင်ငံက ၎င်း၏လွှတ်တော်အစည်းအဝေးများကို စတင်ခဲ့ခြင်းဖြစ်သည်။

တာကာအိချီသည် ယခုသီတင်းပတ်နှောင်းပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံသွားမည်ဖြစ်သည်။

အင်န်အိတ်ချ်ကေ