ဟောင်ကောင် ဆန္ဒပြသူများက လမ်းများကို ပိတ်ဆို့မှုကြောင့် ရဲများနှင့် ထိပ်တိုက်ဖြစ်ပွား

၁၃ နိုဝင်ဘာ

 

 

ကျောင်းသား ဆန္ဒပြသူများမှ ယာဉ်များကို ဖျက်စီးမှုများ ပြုလုပ်ခဲ့ရာ  တက္ကသိုလ်တစ်ခု၌ လိပ်ခဲတည်းလည်း ဖြစ်လျက်ရှိခြင်းကြောင့် ဟောင်ကောင်တွင် တင်းမာမှုများ ဆက်လက် ဖြစ်ပွားလျက်ရှိသည်။

 

1

 

 

ရဲအရာရှိ တစ်ဉီး၏ ပစ်ခတ်မှုကြောင့် ကျောင်းသားတစ်ဉီး ဒဏ်ရာရရှိခဲ့ပြီးနောက် ဆန္ဒပြသူများက ပို၍ ဒေါသထွက်ခဲ့ကြသည်။

 

 

ယမန်နေ့ညက ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေခဲ့ပြီး လူများ ရှုပ်ထွေးမှု ဖြစ်ပေါ်ခဲ့ပြီး လူစည်ကားသော ခရိုင်များတွင် အတားအဆီးများ ချထားခဲ့သည်။

 

 

ကျောင်းသားများသည် တက္ကသိုလ်ကို ၎င်းတို့ ကိုယ်တိုင်ပိတ်ဆို့ခဲ့ပြီး ကျောင်းဝင်း ပတ်လည်ရှိ လမ်းများကိုလည်း ပိတ်ဆို့ရန် ကြိုးပမ်းခဲ့သည်။

 

 

ဆန္ဒပြသူအချို့က ရဲကားများနှင့် ပြေးဆွဲခြင်း မရှိသော မြေအောက် ရထားလမ်းများကို မီးရှို့ခဲ့သည်။

 

 

မြေအောက်ရထားများကို နှောင့်ယှက်ရန်အတွက် လူများကို ခေါ်ရာတွင် ဆန္ဒပြသူများသည် ဆိုရှယ် မီဒီယာများကို အသုံးပြုခဲ့ပြီးနောက်  ယနေ့နံနက်ပိုင်းတွင် ဘတ်စ်ကား ပြေးဆွဲမှုများ ရပ်ဆိုင်းခဲ့သည်။

 

 

အစိုးရ အနေဖြင့် ဆန္ဒပြသူများကို နှိမ်နင်းရာတွင် ရဲများကို ပိုမိုအသုံးပြုမည်ဖြစ်ကြောင်း ဟောင်ကောင် အမှုဆောင် အရာရှိချုပ် ကယ်ရီလမ်းက ပြောကြားခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်