ဟောင်ကောင် ရဲတပ်ဖွဲ့က ဆန္ဒပြသမားများကို သေနတ်ဖြင့် ပစ်ခတ်

၁၁ နိုဝင်ဘာ

 

ဟောင်ကောင် ရဲတပ်ဖွဲ့ဝင် တစ်ဦးက ဆန္ဒပြသမားများကို ယနေ့မနက် အစောပိုင်းက ပစ်ခတ်မှု ဖြစ်ပွားခဲ့သဖြင့် အသက် ၂၁ နှစ်အရွယ် လူငယ်တစ်ဦး အခြေအနေ စိုးရိမ်ရသည်ဟု ဟောင်ကောင် ရဲတပ်ဖွဲ့က ဆိုသည်။

 

ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆန္ဒပြသူ တစ်ဉီးကို အနီးကပ် ချိန်ရွယ်ကာ ပစ်ခတ်ခြင်း မပြုမီ လုံးထွေးသတ်ပုတ်နေကာ ချက်ချင်းပင် အခြားဆန္ဒပြသူ နောက်တစ်ဦးအား နှစ်ကြိမ်ပစ်ခတ်ခဲ့ပုံကို ဗွီဒီယိုဖိုင် တစ်ခုတွင် ပြသထားသည်။

 

ရဲတပ်ဖွဲ့သည် မျက်ရည်ယိုဗုံးနှင့် ငရုတ်ကောင်းမှုန့်ကို အသုံးပြုကာ ဆန္ဒပြသူများကို လူစုခွဲရန် ကြိုးစားခဲ့ကြသည်။

 

တရုတ်၏ ဩဇာလွှမ်းမိုးမှု တိုးပွားလာခြင်းနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ ဖြစ်ပွားလာမှုအပေါ် ပြီးခဲ့သည့် ငါးလကျော်က ဆန္ဒပြပွဲများ စတင်ခဲ့ကြခြင်း ဖြစ်သည်။

 

ထိုအချိန်မှစ၍ လူပေါင်း ၃၀ဝ၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။

 

ပြီးခဲ့သည့် သီတင်းပတ်က အသက် ၂၂ နှစ်အရွယ် ကျောင်းသားတစ်ဦး ကားဂိုဒေါင်မှ ပြုတ်ကျပြီး သေဆုံးခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို