ဟောင်ကောင်အစိုးရက ဆန္ဒပြပွဲတွေမှာ မျက်နှာဖုံးတပ်ဆင်တာကို တားမြစ်မယ် 

၄ အောက်တိုဘာ

 

ဟောင်ကောင်မှာ လူအများစုဝေးရာတွင် မျက်နှာဖုံးတပ်ဆင်ခြင်းကို ပိတ်ပင်တားမြစ်မယ်လို့ ဒေသတွင်း သတင်းစာမှာ ရေးသားထားပါတယ်။ 

 

ကိုလိုနီခေတ်က အရေးပေါ်ဥပဒေအရ အစိုးရကို ဆန့်ကျင်သူများအား တားမြစ်ထားတဲ့ ဥပဒေကို ပြန်လည် အသက်ဝင်စေတာ ဖြစ်ပါတယ်။ ဒီအရေးပေါ်ဥပဒေကို အသုံးမပြုတာ နှစ်ပေါင်း ၅၀ ကျော်ပြီဖြစ်ပါတယ်။ 

 

ဟောင်ကောင်က လက်တလော ဆန္ဒပြပွဲများမှာ ပါဝင်သူတွေဟာ မျက်ရည်ယိုဗုံးကနေ ကာကွယ်ရန် အဝါရောင် ဦးထုပ်အမာ ဆောင်းခြင်း၊ ဂါ့ဂယ် မျက်မှန်တပ်ဆင်ခြင်း၊ အသက်ရှုရာတွင် အကာအကွယ် တပ်ဆင်ခြင်းများ လုပ်ဆောင်ကြပါတယ်။ 

 

ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလန်းဟာ ဒီကနေ့ (သောကြာနေ့) နံနက်ပိုင်းမှာ သူ့ရဲ့ အစိုးရအဖွဲ့နဲ့ တွေ့ဆုံပြီး မျက်နှာဖုံးတားမြစ်တဲ့ ဥပဒေကို ပြန်လည်အသက်ဝင်အောင် လုပ်မလား၊ မလုပ်ဖူးလားဆိုတာကို ဆုံးဖြတ်မယ်လို့ ဒေသတွင်းသတင်းစာမှာ ရေးသားထားပါတယ်။ အဲဒီဥပဒေအရ ချိုးဖောက်သူကို ထောင်ဒဏ် တစ်နှစ်အထိ (သို့မဟုတ်) ဟောင်ကောင် ဒေါ်လာ ၂၅၀၀၀ အထိ ပြစ်ဒဏ်ချမှတ်ခံရမှာဖြစ်ပါတယ်။

 

MDN
ကိုးကား - AFP